အပိုင်း (52. 2)

1.1K 162 0
                                    

(52. 2)

'' တကယ်လို့ ကလေး တစ်ယောက် ကိုသာ မင်းအဲ့လို ပစ်ထားမယ် ဆိုရင် သူက မင်းကို မေ့သွားလိမ့်မယ်နော်။ မကြာခဏ လာပြီးတော့ တွေ့ပေးရမယ်''

အဒေါ်ဝေ့ဆီယာ က ချန်းရှီးလေး ကို သူ့ရဲ့လက်မောင်း ထဲမှာ ချစ်ခင်စွာ ပွေ့ဖက်ထား ပြီးတော့ ပြောလာတယ်။ ချီဟန်ရဲ့ နှလုံးသား လေး က တောင့်တင်း သွားတယ်။ ဒီကလေးလေး က သူ့ကို တကယ်ကြီး မေ့သွားပြီလား။

တတိယ မြောက်ရက်မှာပဲ ချီဟန်က လင်းယုန် သားရဲ လူသား တစ်ယောက် ကို အကူအညီတောင်းပြီးတော့ ငှက်ရိုင်း အသိုက်တွေ ရှိရာ ဆီ ခေါ်သွားခိုင်းပြီးတော့ ငှက်ဥတွေ ယူခဲ့လေတယ်။ နောက်တော့ ချန်းရှီးလေး အတွက် ကြက်ဥရေနွေးငွေ့ပေါင်း ကို လုပ်ပြီး ပို့ပေး ခဲ့လေတယ်။

'' ချန်ရှီးရေ မေမေ့ အိမ်မှာ ကြက်ဥအနှစ်ပေါင်းတွေ ရှိနေဆဲပဲ။ မေမေနဲ့ အတူတူ အိမ်ပြန်လိုက်ချင်လား။''

ကလေး မ လေး က စားပဲ စားပြီး စကားမပြောခဲ့ပေ။ စားပြီးတာနဲ့ သူက ဇွန်းနဲ့ ပန်းကန် ကို ချကာ တွန်းပို့လိုက်တယ်။

'' မလိုချင်ဘူး ''

ချီဟန်က တကယ်ကြီး မျက်ရည်မကျပဲ ငိုချင်နေပါပြီ။ ကြည့်ရတာတော့ ကလေးလေး ကို နေ့တိုင်း လာချော့လည်း  မရနိုင်ဘူးနဲ့တူတယ်။ ထိုပန်းကန် အသေးလေးနဲ့ ဇွန်းလေး ကို ကောက်ယူ လိုက်လေတယ်။

'' ဒါဆိုလည်း ကျွန်တော် ပြန်တော့မယ်။ ယန်မင်း က အခု ပြန်နိုး လာပြီ။  သူတို့အတွက်အလုပ်တွေ လုပ်ဖို့ဆိုတာက ခဲယဥ်းတယ်လေ။ ဒါကြောင့် ကျွန်တော်က သူတို့အတွက် အစားအစာကို တာဝန်ယူ ပေးရမှာ ''

'' ကောင်းပြီလေ။ အရင်ဆုံး သွားလိုက်ပါ။ ချန်းရှီးလေး က ဒီမှာ ရှိနေတာပဲ ။ ဘာကိုမှ စိတ်ပူမနေပါနဲ့ ''

ချီဟန် က ပစ္စည်းတွေကိုယူ ကာ ထပြီးတော့ ထွက်သွားဖို့ ပြင်လိုက်တဲ့ အချိန်မှာတော့ ချန်းရှီး က သူထွက်သွားမှာကို စိတ်မပျော်ဟန် ပေါ်နေလေတယ်။

'' ပွေ့ပွေ့ ၊ ပွေ့ပွေ့ ''

'' ဟမ် ''

ချီဟန် က သူမလေးကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်တယ်။ နောက်ဆုံးမှာတော့ ဒီကောင်မလေး က သူ့ကိုပွေ့ခိုင်းခဲ့ပြီပဲ ။ သူမလေးကို ပွေ့ဖက်ရတာ အရမ်းကို သက်သောင့်သက်သာ ဖြစ်ပြီးတော့ အရမ်းကို ပျော်စရာ ကောင်းလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now