အပိုင်း (28.1)

2.2K 386 0
                                    

(28.1)

တစ်မနက်ခင်းလုံး တည်လာတဲ့ အရိုးစွပ်ပြုတ် ရဲ့ မွှေးရနံက ပိုပိုပြီးတော့ ကောင်းလာခဲ့တယ်။ ချီဟန်က ပန်းကန်လုံးသေး တစ်လုံးစာ ခပ်ကာ ခိုထဲမှ ဝေ့နေတဲ့ အပေါ်ယံ ဆီလွှာကို ဖယ်ထုတ်လိုက်တယ်။ အရိုးစွတ်ပြုတ်လေး အေး သွားတဲ့ အခါ ကျတော့မှပဲ သူက ကလေးမလေးကို ဇွန်းနဲ့ ခွံတော့တယ်။

အဒေါ် ချီရှီး ပြောတာ ကတော့ ကလေးပေါက်စလေးက အခုချိန်မှာ အသားလေး အနည်းငယ်လောက်  ကျွေးလို့ ရနေပြီတဲ့လေ။ ချီဟန်က မူရင်း ကမ္ဘာမှာ ကလေးတစ်ယောက် ကို မပျိူးထောင် ဘူးတဲ့ အတွက်ကြောင့် သူက ထိုကိစ္စတွေကို အာရုံမစိုက်မိခဲ့ ပါချေ။

တစ်ချို့ အသက်ကြီး နေတဲ့ အဒေါ်တွေ ကို သူ့မှာ မေးကြည့်ရလေတယ်။ ဘာလို့လဲ ဆိုတော့ အသက်ကြီးလာလေလေ အသိဉာဏ် ပိုများလာလေလေပဲ။
ဒါကြောင့်ပဲ သူတို့က ချီဟန်ကို ဘယ်လိုမျိုး လုပ်ရမလဲ ဆိုတာကို ပြောပြကြလေတယ်။

အချဥ်ရည်လေးကို အသားကင်လေးတွေ အပေါ်ကို ဖြန်းကာ ကင်လိုက်ပြီးတော့ တုံ ကို ချီဟန်က ကမ်းပေးခဲ့လိုက်တယ်။ သူ့အတွက် ပန်းကန်လုံးတစ်လုံးနဲ့ ခရမ်းမြစ်ပြုတ်တွေ ထည့်လိုက်ပြီးတော့ သုံးယောက်သား အတူတူ စားကြလေတယ်။ ဒါပေါ့ ကလေးလေး ကလည်း ခွံကျွေး ခံရတာပေါ့။ ကလေး ကြီး ၂ ယောက်ရဲ့  ပန်းကန်တွေ ထဲမှာ အသား တွေချည်းပဲ ဖြစ်ပြီး အသီးအရွက် မပါပေမယ့် သူတို့က ကောင်းကောင်း မွန်မွန် စားကြလေတယ်။

'' ရိတ်သိမ်းရာသီက နီးကပ်လာခဲ့ပြီ။ တစ်ချို့ သားရဲလူသားတွေက ငါ့ကို လာမေးနေကြတယ်။ ငါတို့ဖမ်းမိတဲ့ သားကောင်တွေကို မျိုးနွယ် ထဲမှာ ဘယ်လိုမျိုး ခွဲဝေ ကြမလဲ ဆိုတာကို လာမေးကြတယ်လေ ''

တုံ က ဘေးမှာ စားနေရင်းနဲ့ မေးလိုက်တယ်။ သူ့ဟာ မျိုးနွယ်စုတစ်ခုရဲ့ အစားအစာ ခွဲဝေချပုံကို သိနေပါသော်လည်း သူက ချီဟန်နဲ့ တော့ ဆွေးနွေးချင်မိသေးတယ်။

အခုလက်ရှိမှာတော့ မျိုးနွယ်ထဲက သားရဲထီး အများစုက ချီဟန်ရဲ့ ဦးဆောင်မှုနောက် ကနေပြီးတော့ မျိုးနွယ်အတွက် လုပ်စရာ ရှိတာတွေကို လုပ်ပေးနေကြတယ်လေ။ တစ်ချို့ သားရဲထီးတွေသာ ယောင်ရဲ့ ဦးဆောင်မှုနဲ့ အမဲလိုက်ကြရတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now