အပိုင်း (45 .1)

1.3K 197 0
                                    

(45. 1)

'' အဲ့လိုအပင်တွေ ကို စားဖို့ ရက်အနည်း ငယ်လောက် ဖိအား ပေးခံ ရပြီးတဲ့နောက် ငါတို့လည်း ကိုယ့်ဘာသာ ကို မထိန်းချုပ်နိုင်တော့ဘူး။  ငါအစားအစာတဲ့ အချိန်ရောက်တိုင်း အဲ့အပင်ကိုပဲ စားချင်နေတော့တယ်။ ဘယ်လောက် ကြာကြာ ကတည်းက ငါစားမိမှန်း မသိတော့ဘူး။ အဲ့တာက အဲ့အပင် ကိုပဲ စားချင်နေတော့တယ် ''

ကျင်း က စကား အများကြီး ကို အသက်တစ်ရှိုက် စာအတွင်း​ပြော ခဲ့လေတယ်။ သူ့ရဲ့ လည်ပင်းက အတော်လေး မသက်မသာ ဖြစ်နေတဲ့ အတွက်ကြောင့် သူက တစ်ခဏ ရပ်နားလိုက်တယ်။

ပင်းက သူ့လက်ထဲက အစာကျွေးတဲ့ ဇလုံကို ကိုင်ထား နေဆဲ ပဲ ဖြစ်လေတယ်။ ထိုထဲမှာ အသားစွပ်ပြုတ်တွေ အများကြီး ရှိနေဆဲပဲ။ သူက ကျင်း တစ်ယောက် စကားပြောဖို့ ရာ အားမရှိတော့ဘူး လို့ ထင်တဲ့ အတွက်ကြောင့် သူဟာ လက်ကျန် အသားပြုတ်တွေကို တစ်ဇွန်းပြီး တစ်ဇွန်း ခွံကျွေးလိုက်လေတယ်။

ကျင်း ကအသားပြုတ်ကို အားအနည်းငယ် ထုတ်ကာ မျိုချ လိုက်ပြီးတော့ သူက အက်ကွဲစွာ ပြောလာတယ်။

'' ငါတောင်းပန် ပါတယ်။ ငါက နောက်ပိုင်းမှာလည်း မင်းရဲ့ သားပေါက်လေး ကို မကာကွယ် နိုင်ခဲ့လေဘူး။ ငါက.........''

'' ငါနားလည် ပါတယ်။ မင်း က ငါ့ကို တောင်းပန်စရာ မလိုပါဘူး။ ကျားဖြူ မျိုးနွယ် အတွက် ကတော့ မင်းဟာ အပြင်က ဧည့်သည်သာသာပဲ။ အဲ့အချိန်မှာ မင်းက အခြေအနေ တွေနဲ့ ပတ်သက် ပြီး ဘာမှ မတက်နိုင်ပါဘူးလေ။ မင်းက မျိုးနွယ်စု စုန်းမ ကို မခုခံနိုင်ပဲလေ!  ဘယ်သူကမှ မခုခံ နိုင်ဘူးလေ! ''

'' အခုဆို ရှောင်ပိုင် က အရွယ်ရောက်တဲ့ အချိန်ကို ဖြတ်သန်း ရတော့မှာ။ သူက အခုချိန်ထိ ပုံစံ မပြောင်း နိုင်သေးဘူး။ ငါကြောက်မိတာက.......  ''

လူတိုင်းက အေးခဲ သွားလေတယ်။ ချီဟန် က လွဲ ပြီး လူတိုင်း က သိကြတယ်။ ထက်မြတ် တဲ့ သားပေါက်လေး တွေက တစ်နှစ်သား အရွယ်မှာ ကတည်း က သူတို့ရဲ့ သားရဲ ပုံနဲ့ လူပုံကို  လွယ်ကူစွာနဲ့ ပြောင်းတက်ဖို့ သင်ကြားခဲ့ ပြီးသား ပဲ ဖြစ်လေတယ်။ ပြီးတော့ အလွန်ဆုံး အသက် ၈ နှစ် အထိ တောင် သင်ယူနိုင်သေးတယ်။ အဲ့လောက်ထိမှ မ​ပြောင်းနိုင် သေးဘူးဆိုရင်တော့ အဲ့ကလေး က မသန်မစွမ်း လေးနဲ့ အတူတူ ပဲ ဖြစ်သွားလိမ့်မယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now