အပိုင်း (30)

2.3K 399 2
                                    

(30)

မိဘတွေ အကြောင်းနဲ့ ပတ်သက်ပြီး မေးလာတော့ မိဘတွေ ကျန်နေခဲ့တဲ တစ်ခြား သူတွေ ကလည်း ချီဟန်ကို တက်ကြွစွာ မျှော်လင့်တကြီး ကြည့်နေကြလေတယ်။

သားရဲလူသားတွေရဲ့ အသက်က ပျမ်းမျှအားဖြင့် အသက် ၂၀၀ လောက်အထိ ရှိကြတာ ဖြစ်လို့ သူတို့တွေရဲ့ မိဘတွေက အခုချိန်ထိ ရှိနေအုံးမှာပဲ ဖြစ်လေတယ်။

''ဒါပေါ့ ငါတို့က သူတို့အတွက် အိမ်တွေ ပြင်ထား ပေးနိုင်ပါတယ်။ သူတို့ကြိုက်တဲ့အချိန် လာလို့ရတယ်။ ငါတို့မျိုးနွယ်က ကြိုဆို နေမှာပါ''

အမျိုးသမီးတွေက အချင်းချင်း ကြည့်လိုက်ကြပြီးတော့ သူတို့ရဲ့ မျက်လုံးတွေ တောက်ပသွားကာ မျက်နှာပေါ်မှာလည်း အပျော်တွေ ပြည့်နေခဲ့လေတယ်။ ချောင်ယွမ်မျိုးနွယ်စု မှာ နေရတာ အရမ်းကို ကောင်းမွန်ပြီး တော့ အစားအစာတွေ ကလဲ လုံလုံလောက်လောက် ရှိတယ်။ အဓိက အချက်ကတော့ သားရဲလူသားအိုတွေနဲ့ မသန်မစွမ်း သားရဲလူသားတွေ ကိုဆို ကောင်းကောင်း ဆက်ဆံပေးတယ်။ လူတိုင်းက တဖြေးဖြေး အိုလာကြမှာပဲလေ။

ထိုအချိန်မှာပဲ လင်းယုန်သားရဲ လူသားတွေက လန်ကို ကြည့်လိုက်ကြတော့ လန်က ချီဟန်ကို စိတ်အားထက် သန်စွာ ကြည့်လိုက်ပြီးတော့ ထိုလူတွေ လိုပဲ သူလည်း ရှေ့ထွက်ပြီးတော့ မျိုးနွယ်ထဲကို ဝင်ဖို့ ပြောလိုခဲ့တယ်။

သူက နေ့ပေါင်းများစွာ စဥ်းစားခဲ့တယ်။ သူတို့ရဲ့ မျိုးနွယ်ထဲက သူတွေက နှင်းတောထဲမှာ ဖြေးဖြေးလေးနဲ့ တိတ်ဆိတ်စွာ လမ်းလျောက်နေရပြီး သူတို့ရဲ့ ကလေးတွေကိုတောင် အစာ မကျွေးနိုင် ခဲ့တဲ့ အရင်က ဆောင်းတွင်းကို ပြန်အမှတ်ရလေတယ်။ ဒါတောင်မှ သူတို့ကိုယ်သူတို့ ကြီးမြတ်တယ်လို့ အထင်မှားမှု ထဲမှာ မြုပ်နေတဲ့ သူ့မျိုးနွယ်စု သားတွေကို ကြည့်လိုက်ပြီးတော့ သူအချိန်တိုင်း တွေးမိတယ်။

အခုလည်း ခေါင်းငုံ့ကာ သေချာတွေးတောလိုက်တယ်။ ဒီတစ်ခါ အခွင့်အရေး လွတ်သွားလို့ ကတော့ သူတို့ အတွက် နောက်အခွင့်အရေး ဆိုတာ မရှိတော့မှန်း သိလေတယ်။

တစ်ခြား လင်းယုန်သားရဲလူသား တွေက သူတို့ဟာ စိတ်သက်သာရာ ရသွားတာလား ဒါမှမဟုတ် စိတ်ပျက်သွားတာ လားဆိုတာကို မပြောတက်တော့ပေ။ သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင် ချက်တောင် ဖော်ပြခြင်း မရှိပါချေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now