အပိုင်း (37.1)

2K 321 7
                                    

(37.1)

၂ လ ကြာပြီးတဲ့ နောက်မှာတော့ မူရင်း မျိုးနွယ်စု ထဲက သူတွေ ဖြစ်တဲ့ လု၊ ချန်၊ ပင်း ၊လန် နဲ့ သားရဲလူသားငယ် ၂ ယောက်က ၁ ကနေ ပြီးတော့ ၁၀၀ အထိ ဂဏန်း တွေ သင်ယူခဲ့ ပြီးတော့ ထိုထဲမှ ၁၀ ပေါင်း ၊ ၁၀ နှုတ် စသည့် နည်းကိုလည်း သင်ယူနိုင်ခဲ့တယ်။

ပင်းရဲ့ သင်္ချာ စွမ်းရည်က အတော်လေးကို ကောင်းမွန်တယ်။ စာလုံးတွေ သင်တာထက် သင်္ချာ တွက်နည်း သင်ယူတာက ပိုပြီးတော့ ကောင်းလေတယ်။ ဒါပေမယ့် ပင်းက စာလုံးတွေကို မရမက သင်ယူချင်နေ ဆဲပဲ။

သူ့ခမျာ သိပ်ပြီးတော့ စာလုံးတွေ မမှတ်နိုင်ပါပေ။ တစ်နေ့ကို တစ်လုံးလောက်ပဲ သင်ယူနိုင်လေတယ်။ မနေ့က သင်တာနဲ့ ယခုသင်တာ ကို နောက်နေ့ မနက်ထိ သတိရပြီး နောက်နေ့သင်တာ ပါ ထပ်ပေါင်းကာ ည အထိ သူမှတ်မိသေးပေမယ့် ၃ ရက်မြောက်နေ့မှာတော့ သူဘာမှ မမှတ်မိတော့ပေ။

ပင်းက သားရေစ စာအုပ်တစ်အုပ် လုပ်ထားပြီးတော့ သူနေ့တိုင်း သင်ယူလို့ ရခဲ့တဲ့ စာလုံးတွေကို မှတ်တမ်း တင်ထား လေတယ်။ နေ့တိုင်း သင်ယူနေတဲ့ စာလုံးတွေ ပါ ပေါင်းထည့်လိုက်တော့ သူ့ခမျာ စာလုံးရေ များစွာကို အကြိမ်ကြိမ် ပြန်လေ့ကျင့် နေခဲ့ရလေတယ်။ ချီဟန်က သူ့ရဲ့ သဘောထားနဲ့ သင်ယူပုံ၊ ဇွဲလုံ့လ တွေကို အရမ်းကို သဘောကျလေတယ်။

ချီဟန်က ခေါင်းဆောင်ငယ် လေးတွေကို လုပ်စရာ တာဝန်တွေကို ခွဲပေးလေတယ်။ ထိုခေါင်းဆောင် ငယ်လေး တွေက မျိုးနွယ်စု ထဲမှ လူ အယောက် ၂၀ ကို စုထားတဲ့ အဖွဲ့ တစ်ခု ချင်းစီ ရဲ့ ဦးဆောင် သူတွေ ဖြစ်လေတယ်။

မကြာခင်မှာပဲ မျိုးနွယ်စု ထဲမှာ မရေမတွက် နိုင်တဲ့ အသံတွေ နေ့တိုင်း  ကြားလာရလေတယ်။ လုတို့ ချန်တို့က တုံ ဆီကို လာကြတဲ့ အချိန်မှာ သူတို့က ဒီလိုတွေ ​ပြောကြလိမ့်မယ်။

'' ခေါင်းဆောင် ၊ ကျွန်တော်တို့ သားရဲလူသား အယောက် ၃၀ ကို ခေါ်သွားပြီးတော့ ဂျိုရှည် သားရဲ အသိုက်ကို သွားပြီး ရှင်းလင်း ရေး လုပ်ခဲ့တယ်။ ပြီးတော့ ဂျိုရှည်ကောင် ၁ ၂ ကောင်က အေးခဲပြီးတော့ သေသွားတယ်။ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now