အပိုင်း - ၃

14.3K 2.7K 166
                                    





{Zawgyi}

•သူက လင်ရှန်းရဲ့အကြီးမားဆုံး‌ဖြေသိမ့်စရာ•

ရုတ်တရက်ဆိုသလို မနေ့ညတုန်းက ကိုးရို့ကားယားနိုင်တဲ့အိမ်မက်ရဲ့ အချက်အလက်တွေအားလုံးကိုတောင် ရှင်းရှင်းလင်းလင်းတောင် မှတ်မိသွားလိုက်သေးတယ်။

သူ့အိမ်မက်ထဲမှာ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့တဲ့သူ့အိမ်ဘေးက အစ်ကိုကြီးက မော့ကျူးချန်အခုလေးတင်လုပ်ခဲ့တဲ့အတိုင်း သူ့ကိုလုပ်ခဲ့တာဖြစ်တယ်။

လက်ကောက်ဝတ်ကို အားပါပါကိုင်ထားပြီး နံရံမှာ ဖိကပ်ထားတာ။

လင်ကျန်းနောက်ကျောက အေးစက်သွားပေမယ့် ရင်ဘတ်ကတော့ ပူလောင်နေတယ်။

ယန်ရှို့က မော့ကျူးချန်လောက်တော့ မာန်ပါပြီး ကြည့်မကောင်းဘူး။

ဒါပေမယ့် သူ့မှာ ကြည်စင်တဲ့ဟန်ပန်လေးရှိတယ်။

ညင်သာတဲ့လေသံလေးကလည်း အမြဲတမ်းဆိုသလို လူတွေကို သက်သောင့်သက်သာဖြစ်စေတယ်။

သူက လင်ရှန်းရဲ့အကြီးမားဆုံး‌ဖြေသိမ့်စရာဖြစ်ခဲ့တဲ့အချိန်တောင် ရှိသေးတယ်။

ချဲ့ကားပြီးပြောတာတော့ မဟုတ်ပေမယ့် လင်ရှန်းရယ်၊ သူ့ရဲ့ ထက်မြက်ပြီး ထူးချွန်ပြောင်မြောက်တဲ့ ဉာဏ်ကြီးရှင်အစ်ကိုကြီးရယ် လူတိုင်းချစ်ကြတဲ့သူ့ရဲ့ညီမလေးတို့ရယ်နဲ့ တချိန်တည်းပေါ်လာချိန်မှာဆိုရင် ယန်ရှို့ကသာ သူ့ကိုကြင်ကြင်နာနာဆက်ဆံပေးတဲ့သူဖြစ်တယ်။

လင်ရှန်းစကားပြောချိန်မှာဆို သူက ဖြတ်မပြောသလို လျစ်လျူရှုထားတာမျိုးလည်းမလုပ်ဘဲ အမြဲတမ်းဆိုသလို သူပြောတာတွေကို အာရုံစိုက်ပြီးနားထောင်ပေးတယ်။

__ အဲ့တာက လင်ရှန်းမိဘတွေတောင် မလုပ်ပေးခဲ့တဲ့အရာဖြစ်တယ်။

အဲ့တာကြောင့် လင်ရှန်းက ယန်ရှို့နဲ့အချိန်တွေ ကုန်ဆုံးရတာကို သဘောကျခဲ့တယ်။

ဒီလိုမျိုးကိုတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။

ဒီလိုခွေးသွေးတွေနဲ့ဝတ္ထုကို ဖတ်ပြီးနောက်မှာ ယန်ရှို့ကို ဒီလိုမျိုးအိမ်မက်ထည့်မက်လိုက်မိတာကို မယုံကြည်နိုင်ဘူး။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now