အပိုင်း - ၂၁

9.7K 1.7K 38
                                    

{Zawgyi}


လင်ရှန်း အတန်းပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ သူက ခုလေးတင် အလောတကြီး ဝင်လာတာဖြစ်လို့ အခုမှသာ အတန်းထဲမှာ တကယ်ကြီးကျောင်းသားတွေအရမ်းနည်းနေတယ်ဆိုတာ သတိထားမိသွားတယ်၊ အထူးသဖြင့် မိန်းကလေးတွေပေါ့။ စုတျန်းတျန်းကလွဲလို့ Fတန်းက မိန်းကလေးတွေအားလုံး သူတို့နေရာမှာ ရှိမနေကြဘူး။ အတန်းပိုင်ဆရာလီရှုချန်က စတိတ်စင်ပေါ်မှာရှိနေသေးတုန်းပဲဟာကိုတောင်မှ ဒီကျောင်းသားအုပ်စုက အကြောတင်းလှတယ်။

လင်ရှန်း ခန္ဓာကိုယ်ကို ငုံ့ချပြီး ချင်မင်းမင်းကို ပြောလိုက်တယ် “မင်း ငါ့ကိုကာပေးထား!”

ပြောပြီးတာနဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အတန်းရဲ့နောက်တံခါးပေါက်ကနေ ခိုးထွက်ဖို့လုပ်တော့တယ်။ “ငါ့ကိုလည်း စောင့်အုံးလေ ရှန်းကောရဲ့!” ချင်မင်းမင်းကလည်း ဆောင့်ကြောင့်ထိုင်ချလာတယ် “ငါလည်း ကြည့်ချင်တာပေါ့လို့၊ မဟုတ်ရင် ငါကဘာလို့ အတန်းထဲမှာ မင်းကို စောင့်နေမှာလဲ?”

ကောင်လေးနှစ်ယောက်စလုံးက 175cmကျော်လောက်ထိ အရပ်ရှည်ကြတယ်။ သူတို့မြေကြီးပေါ် ဝမ်းလျားမှောက်နေကြတယ်ဆိုရင်တောင်မှ စတိတ်စင်ပေါ်မှာ ရပ်နေတဲ့လီရှုချန်က ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်သေးတယ်။

“လင်ရှန်း! ချင်မင်းမင်း! ဘာတွေလုပ်နေကြတာလဲ?” အတန်းထဲမှာ လီရှုချန်ရဲ့မိုးခြိမ်းသလိုအသံကြီး ထွက်ပေါ်လာတယ်။

“ရှန်းကောရေ ပြေးပေတော့!” ချင်မင်းမင်း ပုန်းမနေတော့ဘဲ လင်ရှန်းကိုဆွဲထူကာ အတန်းနောက်တံခါးဆီ သုတ်ခြေတင်တော့တယ်။

“ချင်မင်းမင်း! လင်ရှန်း! ရပ်ကြစမ်း!” လီရှုချန်အသံက သူတို့နောက်ကနေ ကပ်ပါလာတယ်။ ချင်မင်းမင်းက လင်ရှန်းကိုပါ တရွတ်တိုက်ဆွဲပြီး ပိုမြန်မြန်ပြေးလိုက်တယ်!

“ခဏ…” နှစ်ယောက်သား သင်ကြားရေးအဆောက်အအုံထဲကနေ ကတိုက်ကရိုက်အမူအယာတွေနဲ့ ပြေးထွက်လာကြပြီး နောက်ဆုံးတော့ လင်ရှန်း တုန့်ပြန်လာတယ် “ငါတို့တွေ ဒီလိုကြီး ထွက်လာကြတာပဲလား?”

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now