အပိုင်း - ၇

11.1K 2.3K 66
                                    

{Zawgyi}

•မျက်နှာသာ အပေးခံရဖို့အတွက် တိုက်ခိုက်!•

လင်... လင်ချီ!

ထိုနာမည်က လင်ရှန်းအာရုံထဲမှာ တန်းပြီးပေါ်လာတယ်။

သူ့ညီငယ် လင်ချီကလည်း ရှင်းဆန်းအထက်တန်းကျောင်းမှာ တက်နေတာ!

လင်ချီက လင်ရှန်းရဲ့လက်ကို ခပ်တင်းတင်းကိုင်ထားဆဲဖြစ်တယ်။

လင်ချီရဲ့နောက်လက်တစ်ဖက်က သူ့ရင်ဘတ်ပေါ်ဖြတ်တင်ထားပြီး လုံးဝကို အကာအကွယ်ပေးမယ့်ပုံမျိုးဖြစ်တယ်။

လင်ရှန်း ခေါင်းစောင်းပြီး မော့ကြည့်လိုက်ချိန်မှာ လင်ချီရဲ့ ခန့်ညားပြီး ကြည်ပျပျမျက်နှာလေးကို တွေ့လိုက်ရတယ်။

သူ့ထက် နှစ်နှစ်လောက်ငယ်တဲ့ သူ့ညီငယ်လေးက သူ့ထက် ခေါင်းတစ်ဝက်လောက်ပိုရှည်တယ်။

ရှေ့ကိုဖြာကျနေတဲ့ ဆံပင်တချို့ကြောင့် လင်ချီရဲ့တောက်ပတဲ့ပယင်းရောင်မျက်လုံးလေးတွေကို တဝက်လောက် ဖုံးကွယ်လို့နေတယ်။

ထိုကောင်လေးကလည်း ရှင်းဆန်းအထက်တန်းကျောင်းယူနီဖောင်းကို ဝတ်ထားတယ်။

အဖြူရောင်ရှပ်အကျီကို အပေါ်ဆုံးထိ ကြယ်သီးအစုံအစိတပ်ထားပြီး ကော်လံအစလေးထွက်နေတယ်။ ကုတ်အကျီကိုလည်း သေသေသပ်သပ်လေး ဝတ်ဆင်ထားတယ်။

လင်ချီမှာက ချောမောခန့်ညားတဲ့မျက်နှာလေးနဲ့ လူကြားထဲထင်းနေတဲ့ဟန်ပန်လေးရှိတယ်။

မော့ကျူးချန်ရဲ့ ပြီးပြည့်စုံပြီး မကောင်းဆိုးဝါးဆန်ကာ ရန်စသလိုလိုခန့်ခန့်ညားညားမျက်နှာနဲ့ယှဉ်ကြည့်လိုက်ရင် လင်ချီက အလေးအနက်ထားတတ်ပြီး မိန်းကလေးတွေသဘောကျလောက်တဲ့ တော်ဝင်ကျောင်းကမင်းသားလေးနဲ့ပိုတောင် တူသေးတယ်။

သူ့အတန်းဖော်တွေဆီကနေ ကောလဟာလတွေကိုကြားကြားချင်းမှာတင် ပြေးလာပုံရတယ်။

အခုအချိန်မှာ အသက်ရှုသံတွေ ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး ရင်ဘတ်ကလည်း လျင်မြန်စွာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတယ်။

သူ့ရဲ့တောက်ပတဲ့မျက်လုံးကြီးတွေက မော့ကျူးချန်ကို တင်းမာစွာစိုက်ကြည့်ပြီး "မင်း ငါ့အစ်ကိုကို ဘာလုပ်မလို့လဲ?!"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Onde as histórias ganham vida. Descobre agora