အပိုင်း - ၅၆

3.9K 933 56
                                    

{Zawgyi}

"ဘာလို့လဲ?" မော့ကျူးချန် နောက်ကိုတစ်လှမ်းဆုတ်ပြီး သူ့ဆီကနေ မျက်နှာလွှဲထားကာ "ငါ မင်းကို သတိပေးခဲ့သားပဲ"

လင်ရှန်း ဘာမှမပြောမိဘူး။ ခုထိလည်း မတုံ့ပြန်နိုင်သေးဘူး။

ချက်ချင်း ခွာသွားတယ်ဆိုပေမယ့် နှုတ်ခမ်းတွေပေါ်ကို သစ်ရွက်လေးတစ်ရွက် နူးညံ့စွာ ကျဆင်းသွားသလို နှုတ်ခမ်းတွေပေါ်မှာ နွေးထွေးတဲ့အထိအတွေ့က တစ်စွန်းတစ်စကျန်ရစ်ခဲ့တယ်။

ဒါပေမယ့် အဲ့တာကလည်း အ...အနမ်းပဲလား?

သူ မတတ်သာစွာ လက်ကိုဆန့်ထုတ်ပြီး သူ့နှုတ်ခမ်းတွေကို အသာထိကြည့်လိုက်တယ်။ ထို့နောက် မျက်လုံးပင့်ကာ စစချင်းမှာတည်းက အနည်းငယ်နေရခက်စွာ လှည့်သွားပြီဖြစ်တဲ့ မော့ကျူးချန်ကို ကြည့်လိုက်တယ်။

မော့ကျူးချန်ရဲ့အမူအယာကို မမြင်ရပေမယ့် တစ်ဖက်လူရဲ့အနည်းကယ်နီနေတဲ့ နားသီးလေးကိုတော့ မြင်နိုင်တယ်။

မော့ကျူးချန်ရဲ့ရင်ဘတ်ကလည်း အကြိမ်ပေါင်းများစွာ တက်လိုက်ကျလိုက်ဖြစ်နေတယ်။

အဆုံးမှာတော့ သူခေါင်းလှည့်လာပြီး လင်ရှန်းကို ကြည့်လာတယ်။

နားရွက်က နီနေဆဲဖြစ်ပြီး အကြည့်ကလည်း ပုံမှန်ဖြစ်တယ်ဆိုရုံမျှသာ။

"ငါမင်းကို နှစ်ခါတောင် သတိပေးခဲ့တယ်လေ" သူ အသေအချာပြောလာတယ်။

လင်ရှန်း "..."

သတိပေးတယ်လို့တောင် ပြောလိုက်သေးတယ်?

သူ မနေနိုင်စွာ စိတ်ထဲမှာ မကျေမချမ်းပြောနေမိတယ်။

သူက စာခိုးချတယ်ဆိုတဲ့ ပြဿနာကို သိပ္ပံနည်းကျကျ ချက်နဲ့လက်နဲ့ အလေးအနက်ထားပြီး ဆွေးနွေးနေချိန်မှာ တစ်ဖက်လူက ရုတ်တရက်ကြီး ဒီလိုမျိုး အမြီးအမောက်မတည့်တဲ့ စကားလုံးတွေ ထုတ်ပြောလာလိမ့်မယ်ဆိုတာ ဘယ်သူက သိမှာလဲ?!

သူ ဘာမှတောင် မတုံ့ပြန်လိုက်နိုင်ဘူးမလား?!

"မင်း ငြင်းမယ်လို့လည်း မထင်ဘူးလေ..." မော့ကျူးချန်ပြောလာတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now