အပိုင်း - ၃၉

4K 968 9
                                    


[ Kay : ဘာလို့လဲတော့ မသိပေမယ့် အရင်ကပြန်နေကျ websideမှာ chapterတွေ မရှိတော့ပါဘူး၊ သွားကြည့်တော့လည်း chapter 5အထိပဲရှိတော့ပါတယ်။ အဲ့တာကြောင့် တခြားကနေ လိုက်ရှာပြီး တွေ့တာကို ယူပြီးပြန်လိုက်ရပါတယ်။ ပုံစံလေးတော့ နည်းနည်း ကွာသွားမယ်ထင်ပါတယ် ]

{Zawgyi}

လင်းဝေ့နင် ပြောပြီးပြီးချင်းမှာ ဘေးပတ်လည်တစ်ဝိုက် ချက်ချင်း အသံတွေတိတ်ကျသွားတယ်။

သူ့ဘေးနားရပ်ကာ ရှိုက်ကြီးတငင်ဖြစ်နေတဲ့ လုမြောင်မြောင်တောင်မှ သူ့ကို တအံ့တဩကြည့်လာတယ်။

အနီးနားတစ်ဝိုက်ရှိ ရှင်းဆန်းကျောင်းက တခြားကျောင်းသားတွေလည်း သူမကို လူသေတစ်ယောက်လိုမျိုး ကြည့်ကုန်ကြတယ်။

သူမပြောလိုက်တဲ့စကားတွေက လင်ရှန်းကို တိုက်ရိုက်ရည်ညွှန်းတာဖြစ်တယ်။

လင်ရှန်းက ဘာမှကြောက်စရာမရှိတာကြောင့် လင်းဝေ့နင်က သူ့ကိုဒီလိုမျိုးအော်လိုက်တာက ကိစ္စမရှိဘူး။

သို့ပေမယ့်အခု သူ့ဘေးနားမှာ ရပ်နေတာက မော့ကျူးချန်ကြီးလေ!

လင်းဝေ့နင်ဘေးမှာ လုမြောင်မြောင်ကို ဝန်းရံပေးထားတဲ့ကောင်လေးတွေက မသိစိတ်ကနေအလိုလို နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်မိသွားပြီး သူနဲ့အတော်လေးဝေးတဲ့ဆီ ရွှေ့သွားကြတယ်။

သူကတော့ ဘာမှခံစားမိပုံမပေါ်ဘူး။

လင်းဝေ့နင်ရဲ့မျက်လုံးတွေက ပြူးကျယ်နေဆဲဖြစ်ပြီး အဖြူနဲ့အနက်မျက်လုံးတွေထဲမှာ ခေါင်းကြောမာတဲ့အလင်းရောင်လေး ထွက်ပေါ်နေတယ်။

"လင်ရှန်း!" လင်ရှန်း စကားမပြောလာတာကိုမြင်တော့ သူက ကျယ်လောင်စွာပြောလိုက်တယ် "လူတိုင်းက အတန်းဖော်တွေချည်းပဲ ပြီးတော့ လုမြောင်မြောင်က မိန်းကလေးတစ်ယောက်လေ၊ နင် ဒီ့ထက်ပိုပြီး သဘောထားကြီးကြီးနဲ့ သူ့ကိုလွှတ်ပေးလို့မရဘူးလား?"

လင်ရှန်း မျက်လုံးတွေ အနည်းငယ်မှေးကျဉ်းသွားတယ်။

သူ လင်းဝေ့နင်မျက်နှာဆီကနေ လုမြောင်မြောင်မျက်နှာဆီကို မျက်လုံးလွှဲလိုက်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now