အပိုင်း - ၁၅

9.6K 1.9K 26
                                    

{Zawgyi}

သူထွက်သွားပြီးနောက် ဘာတွေဖြစ်ကျန်ရစ်ခဲ့လဲဆိုတာ လင်ရှန်းမသိလိုက်ဘူး။ လင်ချီက သူ့ကို သင်ကြားရေးအဆောက်အအုံခေါင်မိုးထပ်ဆီ ဆွဲခေါ်နေတာဖြစ်တယ်။ သူကတော့ တွေးတောနေတုန်းပဲ။ ကျောင်းသားတွေအတွက် သင်္ချာ၊ ရူပနဲ့ ဓာတုကလွဲရင် သူတို့အဆင့်တွေတက်ဖို့ အခက်ဆုံးက Englishနဲ့ တရုတ်ပဲဖြစ်တယ်။

သင်ကြားရေးအဆောက်အအုံခေါင်မိုးထပ်ကိုရောက်မှ လင်ချီ လင်ရှန်းရဲ့လက်ကို လွှတ်ပေးလိုက်တယ်။

“ကော…” သူရပ်လိုက်ကာ လင်ရှန်းကို စိတ်ပူဟန်နဲ့ လှည့်ကြည့်လာတယ် “ကျွန်တော် ကျောင်းဖိုရမ်မှာ တွေ့ပြီးပြီ၊ မော့ကျူးချန်က ကောကို အနိုင်ကျင့်နေတာလား?”

“ဟမ်?” လင်ရှန်း သူ့ညီရဲ့ဂရုစိုက်သလိုအကြည့်ကြောင့် ရင်ထဲနွေးထွေးသွားရတယ်။ “မဟုတ်ပါဘူး” သူခေါင်းယမ်းပြလိုက်တယ်။

မော့ကျူးချန်က နည်းနည်းထူးခြားတဲ့ဆယ်ကျော်သက်တစ်ယောက်ဆိုပေမယ့် အနိုင်ကျင့်တဲ့သူမျိုးမဟုတ်ဘူး။

“ကော!” လင်ချီကတော့ စိတ်တွေပူနေတယ် “မော့ကျူးချန်ကို ကြောက်မနေပါနဲ့!”

ဓာတ်ပုံထဲမှာ သူ့အစ်ကိုရဲ့ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ထိုင်ခုံနားလေးမှာရပ်ကာ မော့ကျူးချန်ကို ခွံ့ကျွေးနေရတဲ့ပုံကို ပြန်တွေးမိလိုက်တာနဲ့ကို သူစိတ်ထိခိုက်ရတယ်။ အတန်းFရဲ့ ကျောင်းတွင်းအကြမ်းဖက်မှုက ဒီလောက်တောင်ပြင်းထန်နေတာလား? သူ့ရဲ့သနားစရာအစ်ကိုလေး!

“တကယ်ကြီး မဟုတ်ပါဘူးဆို!” လင်ရှန်း တည်တည်ငြိမ်ငြိမ်နဲ့ လင်ချီပုခုံးကိုပုတ်လိုက်တယ်။ မနေ့တုန်းကရော ဒီနေ့ပါ လင်ချီရဲ့ သူ့အပေါ် အကာအကွယ်ပေးမှုက လင်ရှန်းရဲ့နှလုံးသားကို အရမ်းနူးညံ့သွားစေတယ်။

သူ့ညီလေးက အရပ်လည်းရှည်တယ်၊ ရုပ်လေးလည်း ချောတယ် ပြီးတော့ အဆင့်တွေလည်း ကောင်းတယ်။ လူသိများတဲ့နာမည်ကျော်မော်ဒယ်တစ်ယောက်တောင် ဖြစ်နေလိုက်သေးတယ်။ သူ့အပေါ်မှာ မမှီခိုရုံတင်မကဘူး သူအန္တရာယ်ကျရောက်နေတယ်လို့ ထင်တဲ့အချိန်ကျရင်လည်း အမြဲတမ်းအပြေးလေးရောက်လာပေးတယ်။ သူ့ကိုကြားထဲက အချောင်ဝင်ခံလိုက်ရတဲ့သူ အဖြစ်မခံနိုင်ဘူး!

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now