အပိုင်း - ၁၉

9.2K 1.8K 41
                                    

{Zawgyi}

ပြိုင်မယ်?!

လင်ရှန်း ရှေ့တည့်တည့်က မော့ကျူးချန်ကို တွေးစစနဲ့ ကြည့်လိုက်တယ်။ လုမြောင်မြောင်ဆိုတာ ရှင်းဆန်းအထက်တန်းကျောင်းက ပန်းကလေး။ မိသားစုအခြေအနေကလည်း အရမ်းကောင်းတယ်။ ခါးထိကျနေတဲ့ အနက်ရောင်ဆံနွယ်ရှည်ကြီးတွေနဲ့ ယောကျာ်းလေးတော်တော်များများရဲ့ နတ်ဘုရားမလေးဖြစ်တယ်။ သူမကတော့ မော့ကျူးချန်ကို တချိန်လုံး သဘောကျနေတာပဲရှိတယ်။

ပြောရမယ်ဆိုရင် ဂျူနီယာအထက်တန်းကစပြီး နှစ်စဉ်နှစ်တိုင်း အရေးကြီးတဲ့ပွဲတော်တွေမှာ သူမက မော့ကျူးချန်ကို ဖွင့်ပြောတတ်တယ်။ တုန့်ပြန်မှုလေးတစ်ခုတောင် ပြန်မရတာပဲရှိတယ်။

ဝတ္ထုထဲမှာ စုတျန်းတျန်းကို ထိကပါးရိကပါးလုပ်ဖို့ ပြောခဲ့တာက လုမြောင်မြောင်ပဲဆိုတာ လင်ကျန်းမှတ်မိနေတယ်။ အဲ့အချိန်တုန်းက မော့ကျူးချန်နဲ့ စုတျန်းတျန်းကြားမှာ မရေမရာဖြစ်နေတာမျိုးတွေ မရှိသေးဘူး။ စုတျန်းတျန်းရဲ့ ခေါင်းမာပြီး သတ္တိရှိမှုတွေကြောင့် သူမက မိန်းကလေးတွေကြားမှာ ခွဲထွက်နေတာဖြစ်တယ်။ အဲ့တာကြောင့်ပဲ မော့ကျူးချန်က အကြိမ်အနည်းငယ်လောက်ကြည့်မိပြီး သူမနာမည်ကို မှတ်မိနေတာဖြစ်တယ်။

အဲ့အတွက် လုမြောင်မြောင် မပျော်နိုင်တော့ဘူး! ပြိုင်ဘက်ဖြစ်လာဖို့ အစပျိုးနေပြီဖြစ်တဲ့လူကို လုမြောင်မြောင် သတ်ပစ်ချင်နေတယ်။ သူမစိတ်ကူးကတော့ အရမ်းရိုးစင်းလှတယ်။ စုတျန်းတျန်းသာ ‘ညစ်ပတ်’သွားပြီဆိုရင် မော့ကျူးချန်အဖို့ ‘ညစ်ပတ်’သွားတဲ့မိန်းကလေးတွေကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဖုန်းထဲမှာ လုမြောင်မြောင်အကြာကြီးစောင့်နေပေမယ့် ပြန်ဖြေသံမကြားရသေးဘူး။ သူမ အေးစက်စွာ ဆက်ပြောလိုက်တယ် “လင်ရှန်း ၊ ငါနင့်ကို ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး!”

“ငါက ဘယ်လိုလူမျိုးမို့လို့လဲ?” လင်ရှန်း မော့ကျူးချန်ကို စိုက်ကြည့်ပြီး ဧည့်ခန်းထဲကို ဖုန်းပြောရင်း လျှောက်သွားလိုက်တယ်။

သူ ဒီလုမြောင်မြောင်ဆိုတဲ့တစ်ယောက်ကို သဘောမကျဘူး။ သူမက မော့ကျူးချန်ကို ကြိုက်တယ်ဆိုရင်လည်း စုတျန်းတျန်းနဲ့ မျှမျှတတပြိုင်လို့ရတာပဲဟာကို။ ဒီလိုနည်းလမ်းသုံးတာကတော့ အရမ်းအပေါစားဆန်လွန်းတယ်!

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now