အပိုင်း - ၁၂

9.7K 2.1K 68
                                    


{Zawgyi}

ဟွမ်မောင်နဲ့ တခြားသူတွေက တစ်ယောက်ပုခုံးတစ်ယောက် တွန်းတိုက်နေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း မျက်စတွေပစ်နေကြတယ်။ သိလိုစိတ်တွေ အတင်းအဖျင်းပြောလိုစိတ်တွေကလည်း သူတို့မျက်နှာတွေပေါ်မှာ အတိုင်းသားပေါ်နေတယ်။

မော့ကျူးချန်ကတော့ ဟွမ်မောင်တို့ဘာတွေနေလဲဆိုတာကို မသိဘဲ သူ့ကျောပိုးအိတ်ထဲက တခြားမေးခွန်းစာရွက်ကို ထုတ်လိုက်တယ်။ “ရှုချန်း” သူ့ရဲ့မေးခွန်းစာရွက်ကို သူ့ညီငယ်တွေထဲက တစ်ယောက်ဆီပစ်ပေးလိုက်တယ် “ငါ့ကို စစ်ပေး၊ အမှားတွေ များလား?”

ရှုချန်းဆိုတာ အထက်တန်းယူနီဖောင်းကို အသပ်ရပ်ဆုံးဝတ်ထားတဲ့တစ်ယောက်ဖြစ်တယ်။ သူက မျက်မှန်တပ်ထားပြီး အနက်ရောင်ဆံပင်တိုတိုနဲ့ ရှင်းသန့်နေတယ်။ တစ်ကိုယ်လုံးခြုံကြည့်ရင် ရည်ရည်မွန်မွန်ရှိပြီး ကျောင်းသားကောင်းတစ်ယောက်နဲ့တော့ တူတယ်။

ရှုချန်း မော့ကျူးချန်ဆီက မေးခွန်းစာရွက်ကိုယူလိုက်ပြီး အံ့ဩမှုကြောင့် မျက်ခုံးတွေ ပင့်သွားတယ်။ ရူပဗေဒမေးခွန်းစာရွက်ထဲမှာ အကုန်အပြည့်ရေးထားပြီး ပုံတွေကိုလည်း သေချာလေးဆွဲထားတယ်။ ဒါက မိတ္တူဆွဲထားတာမဟုတ်ဘူးဘဲ ပိုင်ရှင်က ဒါကို သူ့ဘာသာဖြေထားတာဖြစ်မှန်း သိသာတယ်။ ဟွမ်မောင်နဲ့အတူ လူတိုင်းက စပ်စုချင်တာကြောင့် ရှေ့တိုးလာကြတယ်။

သူတို့မိသားစုအခြေအနေတွေက အရမ်းကောင်းမွန်ကြတယ်။ သူတို့အားလုံးမှာ စာလေ့လာဖို့အတွက် home programတွေ အနည်းနဲ့အများတော့ရှိကြတယ်။ အတန်းFက မော့ကျူးချန်တစ်ယောက်ကလွဲရင် ကျန်တဲ့ပေါက်ကရလုပ်နေကြသူတွေက အတန်းAကကျောင်းသားတွေဖြစ်တယ်။ ရှုချန်းဆို အထက်တန်းစီနီယာအထူးတန်းရဲ့ အတော်ဆုံးထဲမှာတောင်ပါသေးတယ်။ သူက ကျောင်းသားလုပ်ဆောင်ချက်တွေမှာ နာမည်ဆိုးနဲ့ကျော်ကြားပြီး ပထမအဆင့်အတွက်တော့ အင်အားကြီးတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်တယ်။

မေးခွန်းစာရွက်ထဲက အဖြေတွေကို မြန်မြန်လေး ဖတ်ကြည့်လိုက်တော့ တချို့ဆက်သွယ်ချက်တွေကို အရမ်းသဘာဝကျကျသုံးထားတာ မြင်သွားတယ်။ ဒါပေမယ့် မော့ကျူးချန်က သူ့ရဲ့အချိန်တွေကို တစ်ခုခုလုပ်ပြီး ကုန်ဆုံးနေတယ်ဆိုတော့ တချိန်လုံးဆိုးနေတာမျိုးလည်း မဟုတ်ပါဘူးလေလို့ ဝန်ခံရမယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now