အပိုင်း - ၆၀

4.8K 948 35
                                    

{Zawgyi}

"Ohm's Law... U..." လင်ရှန်း ခဲရာခဲဆစ် စဉ်းစားနေတုန်းပဲ။

သူ့ရဲ့ညာဘက်လက်မှာ ဘီယာဘူးကို ကိုင်ထားတယ်။ ခဏလောက်စဉ်းစားပြီး နောက်တစ်ငုံသောက်ကာ ဆက်ပြီး စဉ်းစားနေတယ်။

နှစ်လိုဖွယ်ကောင်းတဲ့ မျက်ခုံးတွေက အနည်းငယ်တင်းကျပ်နေပြီး ပုစ္ဆာဖြေရှင်းဖို့ မှန်ကန်တဲ့နည်းလမ်းကို တွေးလို့မရသယောင် ထင်ရတယ်။

တောက်ရန် ကြောင်အနေမိတယ်။

လင်ရှန်းက ရွှန်းလက်တောက်ပတဲ့မျက်လုံးတွေနဲ့ ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတယ်။ မျက်လုံးတွေက ကြည်တောက်ပြီး နားမလည်သလိုလိုဖြစ်နေတယ်။

သူ သတိလက်လွတ် တံတွေးကို ထပ်မြိုချပြီးတော့မှ သူတို့ရဲ့ဘော့စ်က ဘာကြောင့် ရယ်နေတယ်ဆိုတာကို နည်းနည်းပါးပါး နားလည်လာတော့တယ်။

သူ ယူလာတာဆိုလို့ အနက်ရောင်ဘီယာဘူးလေးပဲလေ။

ဒါပေမယ့် ဘူးက ဘယ်လောက်ကြီးတယ်ဆိုဆို 5.4°လောက်သာရှိတဲ့ 500ml ဘူးလေးပဲလေ။

လင်ရှန်း ဒါကို ကုန်အောင်တောင် မသောက်နိုင်ဘဲ... တကယ် မူးသွားတယ်?

"လင်ရှန်း" မော့ကျူးချန် လင်ရှန်းကို ပြောလိုက်တယ် "U ဆိုတာ ဗို့အားလေ"

"ဟုတ်တယ်!" လင်ရှန်းက သူ့ရဲ့ဘယ်ဘက်လက်ကို လက်သီးဆုပ်လေးလုပ်ပြီး ညာဘက်လက်ဖဝါးပေါ် ထုချကာ နာခံစွာနဲ့ ထပ်ပြောလိုက်တယ် "ဗို့အားပဲ"

သူ အနည်းငယ်လွင့်မြောသလို ခံစားနေရဆဲဖြစ်ပြီး သူ့ပတ်လည်မှာရှိတဲ့ အရာအားလုံးက လေးလံလှတဲ့ မြူနှင်းထုထဲမှာ နစ်မြုပ်နေသယောင်ဖြစ်နေတယ်။ တကယ့်အစစ်လို မထင်ရဘူး။

ဒါပေမယ့် လင်ရှန်း မော့ကျူးချန်ရှိရာဘက်ကိုကြည့်ပြီး သူ့ကိုပြုံးပြလိုက်တယ်။

စားပွဲပေါ်မှာတင်ထားတဲ့ မော့ကျူးချန်ရဲ့ ဘယ်ဘက်လက်ချောင်းလေးတွေ အနည်းငယ်ကွေးသွားတယ်။

သူက ခြောက်ကပ်နေတဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ လက်လှမ်းပြီး လင်ရှန်းလက်ထဲက ဘီယာဘူးကို ဆွဲယူလိုက်တယ် : "ဘယ်လိုသောက်ရမယ်ဆိုတာကို မသိဘူးလား?"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now