အပိုင်း - ၃၈.၂

4.8K 1K 37
                                    

{Zawgyi}

လူတိုင်းက အမှန်တရားကို မသိတာတောင်မှ ပြဿနာတက်မယ့်အခြေအနေကို ဖြိုခွဲဖို့သိသိသာသာ ရွေးခြယ်ခဲ့ကြတာကို လေ့လာကြည့်ခြင်းအရ မော့ကျူးချန်ကို 'နတ်ဆိုး'လို့ ခေါ်နေကြပေမယ့်လည်း သူက ဗိုလ်ကျလွန်းတဲ့အနိုင်ကျင့်သူတစ်ယောက် ဟုတ်မနေတာကြောင့်ဖြစ်တယ်။

လင်ရှန်း ဖုန်းကို သိမ်းလိုက်ပြီး အမှတ်မထင် သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူငယ်လေးကို ကြည့်မိလိုက်တယ်။ ကြည့်ကောင်းတဲ့မျက်နှာအသွင်အပြင်တွေနဲ့ မော့ကျူးချန်က ကန်တင်းက ယူလာတဲ့ အစားအသောက်တွေကိုသာ အာရုံစိုက်ပြီး စားနေတယ်။

နေရောင်က ညောင်ပင်ကအရွက်တွေကို ဖြတ်ကျော်ကာ ဟိုတစ်စဒီတစ်စ ဖြန့်ကျဲနေပြီး သူ့ရဲ့ဓားသွားလိုစူးရှတဲ့မျက်နှာပေါ်ကို ခပ်မှိန်မှိန်လေး လွှမ်းခြုံထားတယ်။

"တော်တော်လေး ကြည့်ကောင်းတယ်မဟုတ်လား?" မော့ကျူးချန် ခေါင်းမော့ကာ လင်ရှန်းကို ကြည့်လိုက်တယ် "မင်း ရှော့ခ်ရသွားပြန်ပြီလား?"

ဝသီကတော့ အမှန်တကယ်ကို ကြောက်စရာကောင်းလှတယ်။ လဝက်အချိန်တိုလေးအတွင်းမှာ လင်ရှန်းတစ်ယောက် မော့ကျူးချန်ရဲ့ မကြာခဏ ကိုယ့်ကိုကိုယ် ဇန်းတင်တဲ့မှတ်ချက်တွေအကြောင်းကို သိရှိခဲ့ရတယ်။

သူ့မျက်နှာတစ်ချက် မပြောင်းသွားဘဲ တစ်ဖက်လူကို ခေါင်းငြိတ်ပြပြီး မသဲမကွဲသာ ပြောလိုက်တယ် "အဲ့လိုပါပဲကွာ"

မော့ကျူးချန် ခပ်ဟဟရယ်လာတယ်။ သူက တူကို ချလိုက်ပြီး လင်ရှန်းကို စူးစိုက်ကြည့်ကာ "မင်း နည်းနည်း စိတ်လှုပ်ရှားမနေဘူးလား?"

"အာ?" လင်ရှန်း နားမလည်လိုက်ဘူး။

"နေ့ခင်းကျရင် သင်္ချာဘာသာရပ် အစမ်းပြိုင်ပွဲလေ" မော့ကျူးချန်ပြောလိုက်တယ်။

"အဆင်ပြေပါတယ်" လင်ရှန်း ပြန်ပြောတယ်။

"စိုးရိမ်မနေနဲ့၊ မင်းထက်စာရင် လုမြောင်မြောင်က ပိုတောင် စိတ်လှုပ်ရှားနေသေးတယ်" မော့ကျူးချန် ပြောလာတယ် "သူက အခုတင် စိတ်လှုပ်ရှားရမှာမဟုတ်ဘူး၊ အစမ်းရလဒ်တွေ ထွက်လာတဲ့အချိန်ထိ အဲ့လိုမျိုး ဆက်တိုက်စိတ်လှုပ်ရှားနေရမှာ"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now