အပိုင်း - ၄၀

5K 1K 91
                                    

{Zawgyi}

လင်ရှန်းတစ်ယောက် လဲ့ဖေးဆီမှာ မိတော့မလိုတောင်ဖြစ်သွားတယ်။ [ T/N : ဒီနေရာမှာလေ လဲ့ဖေးက ဘာကိုပြောချင်မှန်းမသိတာ၊ လူလား ဘာလားဆိုတာ ]

ဒါကလည်း သူ့ကိုအပြစ်တင်လို့မရဘူး၊ မော့ကျူးချန်က လဝက်ကျော်လောက် အတော်လေးပုံမှန်ဖြစ်နေခဲ့တာကြောင့်ဖြစ်တယ်။

နေ့တိုင်း သူ့ပါးစပ်ထဲက ထွက်လာသမျှက နမူနာမေးခွန်းရွတ်တဲ့အသံတွေချည်းသာ ဖြစ်နေခဲ့တယ်။

ကြည်လင် သိမ်မွေ့စွာနဲ့။

တစ်ဖက်လူရဲ့မူရင်းပုံစံကိုတောင် လင်ရှန်း တကယ်မေ့သွားခဲ့တယ်။

ပြီးတော့...

သူ အသက်ကို ပြင်းပြင်းတစ်ချက်ရှုသွင်းပြီး သူ့မေးရိုးကို ကိုင်ထားတဲ့မော့ကျူးချန်လက်ကို ရိုက်ပစ်လိုက်တယ်။

သူက မီးနဲ့ကစားတယ်တဲ့!

ဒီလိုမျိုး ထူးခြားတဲ့စကားက သူ့ကို တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်းထစေတယ်!

"မော့ကျူးချန်" လင်ရှန်း အေးတိအေးစက်မျက်နှာနဲ့ ပြောလိုက်တယ် "ငါ့ပြိုင်ပွဲက ပြီးသွားပြီ၊ နောက်လပတ်စာမေးပွဲက တစ်ပတ်နေရင် လာတော့မယ်ဆိုတာ မမေ့နဲ့အုံး၊ မင်း အိုးရန်ယင်းယီနဲ့ အလောင်းအစားလုပ်ထားတာ ရှိသေးတယ်"

"မင်း သင်္ချာမေးခွန်းအစုံကိုရော မှတ်လို့ပြီးသွားပြီလား? ဓာတုဗေဒရဲ့ ပုံသေနည်းတွေအားလုံးကိုရော ချရေးပြီးပြီလား? Bioရဲ့ လေ့ကျင့်ခန်းတွေရော ပြီးပြီမို့လို့လား? အင်္ဂလိပ်စာ,စာစီစာကုံးရော ဘယ်လောက်ထိ မှတ်ထားပြီးပြီလဲ?" လင်ရှန်း အသက်တစ်ရှိုက်မှာတင် မေးချသွားတယ်။

မော့ကျူးချန် "..."

"ဟမ့်_" သူ လင်ရှန်းကို ခဏလောက် စိုက်ကြည့်ကာ "ထွက်ပြေးဖို့လုပ်လည်း အပိုပဲ"

"ငါက ဘာထွက်ပြေးစရာအကြောင်းရှိလို့လဲ?!" လင်ရှန်း ဆွံ့အသွားတယ်။ "ငါနဲ့ လုမြောင်မြောင်ကြားမှာ ဒီအလောင်းအစားတစ်ခုပဲရှိတာ၊ မင်းအသိဆုံးပဲ မဟုတ်ဘူးလား?!"

မော့ကျူးချန် သူ့ကို နင့်နင့်နဲနဲစိုက်ကြည့်နေတယ်။

"အဲ့တာကလွဲရင် ငါသူနဲ့တောင် ရင်းနှီးတာမဟုတ်ဘူး" လင်ရှန်း ထပ်ပြောလိုက်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now