အပိုင်း - ၂၃

8.1K 1.7K 77
                                    

{Zawgyi}

ဆူညံသံတွေ တဖြည်းဖြည်းတိုးဖျော့သွားတယ်။ လင်ရှန်း အပူလောင်သွားသလိုမျိုး မော့ကျူးချန်လက်ကို အမြန်လွှတ်ချလိုက်တယ်။

“ငါ…” သူ တံတွေးမြိုချပြီး “အတန်းကိုပဲ ပြန်သွားတော့မယ်!” ပြောပြီးတာနဲ့ မော့ကျူးချန်ကိုတောင် မကြည့်ရဲတော့ဘဲ အတန်းဘက်ကို အပြေးအလွှားပြန်ခဲ့တော့တယ်။

တစ်မနက်ခင်းလုံး လူးလားခေါက်တုံ့လျှောက်သွားနေရတာ မနက်ခင်းစာဖတ်တာကို အသာထားအုံး ပထမဆုံးအတန်းချိန်ရဲ့ တစ်ဝက်လောက်တောင် ပြီးနေပြီ။ လင်ရှန်း အခန်းရဲ့နောက်တံခါးကနေ ခိုးကြောင်ခိုးဝှက်ဝင်လာချိန်မှာ (တရုတ်)ဘာသာစကားဆရာက စင်ပေါ်မှာ အသံအနိမ့်အမြင့်တွေအကြောင်းကို ပြောနေပြီဖြစ်တယ်။ [ T/N : တရုတ်ဒေသိယစကားတွေမှာ အသံအတက်အကျနဲ့ ရပ်ရမယ့်အသံတွေ၊ နားဝင်ချိုတဲ့ဆောင်းပါး သို့မဟုတ် ကဗျာစာစုတွေကို အသံအောင်အောင်နဲ့ ဖတ်ပြတာမျိုးပါ ]

သူ့ထက် မိနစ်ပိုင်းလောက်စောပြီး ပြန်ရောက်လာခဲ့တဲ့ ချင်မင်းမင်းက လင်ကျန်း သူ့နေရာမှာသူထိုင်ချလိုက်တာကို မြင်တာနဲ့ ချက်ချင်းဆိုသလို သင်ရိုးစာအုပ်ကိုထောင်ကာ အသံတိုးတိုးနဲ့ လှမ်းခေါ်လိုက်တယ်။ “ရှန်းကော”

လင်ရှန်းကတော့ သူ့ခုံမှာ အလန့်တကြားထိုင်နေပြီး ခေါင်းထဲမှာလည်း ရီဝေဝေဖြစ်နေတုန်းပဲ။ မသိစိတ်က ခေါင်းကိုငုံ့ချကာ သူ့လက်ကို ပြန်ကြည့်မိတယ်။ မော့ကျူးချန်ရဲ့လက်ကောက်ဝတ်ကို ထိတွေ့ခဲ့ရတာက အခုထိ ကျန်ရစ်နေတုန်း။ ပူလောင်၊ ခြောက်သွေ့ပေမယ့် တရင်းတနှီးရှိလှတယ်။

သူမနေနိုင်မထိုင်နိုင် basketballကွင်းထဲက အားမာန်အပြည့်ဟန်ပန်မျိုးနဲ့ မော့ကျူးချန်ကို တွေးမိတယ်။ အမြင့်ကိုခုန်လိုက်ချိန်မှာဆို ကောင်းကင်နဲ့ မြေကြီးပေါ်က ဆရာသခင်တစ်ယောက်လိုပဲ! လူတွေအကြည့်မလွှဲနိုင်လောက်အောင် တောက်ပလွန်းတယ်!

အဲ့နောက် ထိုမော့ကျူးချန်ကပဲ သူ့ကိုပြောခဲ့တယ် “မင်း ဘာကို ကြောက်နေတာလဲ?”တဲ့။

သူ့မျက်နှာပေါ်က အလွန်တရာစိတ်ကြီးဝင်နေတဲ့အပြုံးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ… သူ့ရဲ့စွဲမက်ဖွယ် မျက်ဝန်းနက်တွေထဲမှာ အမှန်တကယ်ကို အကြောက်အလန့်ကင်းတဲ့အလင်းတန်းရှိနေတယ်…

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now