အပိုင်း - ၃၀

7.9K 1.5K 94
                                    


{Zawgyi}

လင်ရှန်း နက်ပြာရောင်နှစ်ထပ်ထမင်းဘူးလေးကို ကြည့်ကာ အနည်းငယ်ရှက်မိသလို အပြစ်မကင်းစိတ်လည်းဖြစ်မိတယ်။ ကြည့်ရတာ ဂျုံပေါင်မုန့်လုံးနဲ့ ကြက်ဥပြုတ်အမာတွေက မော့ကျူးချန်ကို အတော်လေးစိတ်တိုသွားစေပုံရတယ်။

သို့ပေမယ့် ဒီလိုစွဲလမ်းမှုမျိုးကို သူသိပ်ကိုနားလည်တာပေါ့။ မရနိုင်လေလေ ပိုပြီးလိုချင်လေလေ။ အဆုံးမှာတော့ ဒါကအပေါ်ယံအခြေအနေဖြစ်တာကြောင့် အထဲမှာပါတာက အရေးမကြီးတော့ဘူး!

"ကောင်းပြီလေ" လင်ရှန်း ထမင်းဘူးကို ယူလိုက်တယ် "မနက်ဖြန် ယူလာခဲ့မယ်" သူထမင်းဘူးကို အရင်ထည့်လိုက်တယ် "ဒါဆို ငါတို့ ဆက်ပြီးတော့... ပုစ္ဆာတွေ မှတ်ကြမလား?"

မော့ကျူးချန် ဘာမှတ်ချက်မှ မပြုတော့ဘူး။

နှစ်ယောက်သား မော့ကျူးချန်တိုက်ခန်းထဲက စာကြည့်ခန်းထဲနေရာပြောင်းကာ နေ့လည်တုန်းက အတူတူလေ့လာခဲ့တာတွေထဲက ကျန်နေသေးတာတွေကို ဆက်ပြီးလေ့လာကြတယ်။ လင်ရှန်း ပုစ္ဆာတွေကို ရူးလောက်အောင် မှတ်နေချိန်မှာ မော့ကျူးချန်ကတော့ နမူနာအစုံကို အသံတိတ်မှတ်သားနေတယ်။

ရံဖန်ရံခါ လင်ရှန်း ခဏတဖြုတ်နားကာ သူ့နဲ့စာအတူလုပ်နေသူကို ခေါင်းမော့ကြည့်မိတယ်။ မော့ကျူးချန်က အနောက်တိုင်းဝတ်စုံဝတ်ထားဆဲဖြစ်ကာ မသက်မသာဖြစ်နေတာမျိုး မရှိဘူး။ လက်တစ်ဖက်နဲ့ မေးကိုထောက်ထားကာ နောက်လက်တစ်ဖက်က အနက်ရောင်ဘောပင်ကို လှည့်နေတယ်။

သို့ပေမယ့် သူ့မျက်လုံးတွေကတော့ အာရုံစူးစိုက်နေတယ်။ သူစာကို ရွတ်နေချိန်မှာဆို အနက်ရောင်မျက်တောင်ထူကြီးတွေက အကြိမ်အနည်းငယ်လောက် လှုပ်ရှားသွားတတ်တယ်။

စာကြည့်ခန်းမျက်နှာကျက်က မီးအိမ်ရဲ့အလင်းရောင်ကျဆင်းနေပုံက နေ့လည်တုန်းက ညောင်ပင်ကြီးရဲ့သစ်ကိုင်းသစ်ရွက်တွေကို ဖြတ်ကျော်ကာ နေအလင်းရောင်ကျ‌နေပုံနဲ့ ဆင်တူတယ်။ မော့ကျူးချန်ရဲ့သိမ်မွေ့တဲ့အသွင်အပြင်ကို နူးညံ့တဲ့အလင်းရောင်နဲ့ လွှမ်းခြုံထားသလိုပဲ။

ဒီလိုအချိန် အလွန်ဆိတ်ငြိမ်နေတာက လူတွေကို ပိုလို့တောင်ခံစားချက်ကောင်းမွန်စေတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now