အပိုင်း - ၈

10.3K 2.1K 30
                                    

{Zawgyi}

“မင်း ဘာမေးမှာလဲ?” နောက်ဆုံးတော့ လင်ရှန်း အထက်တန်းကျောင်းရူပဗေဒသင်ရိုးကို အကြည့်လွှဲကာ လင်ချီကို တည့်တည့်ကြည့်လိုက်တယ်။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့ကတောင် လင်ချီကို ကြည့်လာကြတယ်။

လင်ချီဆိုတာက ရှင်းဆန်းအထက်တန်းကျောင်းကို ခုန်ပေါက်ပြီး ရောက်လာခဲ့တဲ့ ဉာဏ်ကြီးရှင်ကျောင်းသားလေး။ အထက်တန်းကျောင်းဒုတိယနှစ်အတန်းမှာတောင် သူက အတော်ဆုံးကျောင်းသားဖြစ်တယ်။ သူ့မှာကောင်းမွန်လှတဲ့ မှတ်တမ်းတွေရှိပေမယ့် သူ(လင်ရှန်း)ကတော့ ဘိတ်ချီးဖြစ်တယ်။ ဒီလိုမြင်ကွင်းမျိုးက စုတျန်းတျန်းလိုလူအတွက်တောင် ကြည့်ရတာ နည်းနည်းပုံမှန်မဟုတ်သလို ခံစားရစေတယ်။

လင်ချီမျက်နှာတွေ ပူလာတယ်။ အထူးသဖြင့် သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မော့ကျူးချန်က နားမလည်နိုင်တဲ့အဓိပ္ပါယ်နဲ့ နှာခေါင်းရှုတ်လာတယ်။

“မင်းတို့ ကိုယ့်မေးခွန်းစာရွက်တွေကိုယ် လုပ်နေ!” လင်ရှန်း စားပွဲကို ဘောပင်နဲ့ခေါက်ပြီး မော့ကျူးချန်နဲ့ စုတျန်းတျန်းကို ရုပ်တည်ကြီးနဲ့ကြည့်လိုက်တယ်။ “ဘေးဘီလျှောက်ကြည့်မနေနဲ့၊ အာရုံမပျံ့နဲ့၊ မေးခွန်းတွေကိုပဲ မြန်မြန်ဆန်ဆန်ဖြေ”

ပြောပြီးနောက် ခေါင်းလှည့်ကာ လင်ချီကို ထပ်ကြည့်ပြီး သူ့လေသံက ပျော့ပြောင်းသွားတယ် “ဘာနားမလည်လို့လဲ?”

လင်ရှန်း သူ့ဘေးနားမှာထိုင်နေပြီး သူ့ထက်အရပ်မြင့်တဲ့လင်ချီကို ကြည့်လိုက်တယ်။ သူ့ထက်ခြောက်လလောက်ငယ်တဲ့ ဒီလိုကောင်လေးမျိုးနဲ့ အတွေ့အကြုံမရှိပေမယ့် သူ့မှာ ညီမလေးတစ်ယောက်ရှိတာပဲ။ ၀တ္ထုထဲရောက်မလာခင်တုန်းက သူ့ညီမလေးက လင်ချီရဲ့အသက်လောက်ပဲ။ ဆယ်ကျော်သက်ကလေးတွေက အတွေးတွေအရမ်းများပြီး အရမ်းလည်း ဆန်းဆန်းတင့်ကြတယ်။

မယ်ရီဆူးကျောင်းဝတ္ထုတွေဖတ်တာက မင်းကို အသဲတွေကွဲ ငိုယိုဖြစ်စေပြီး မော့ကျူးချန်ရဲ့ဒုတိယနှစ်ဂျူနီယာကျောင်းသားဘ၀ကို စွဲလမ်းစေတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now