အပိုင်း - ၄၅

4.3K 901 18
                                    

{Zawgyi}

မော့ကျူးချန် drum setဘေးမှာ ရပ်နေတယ်။

သူက ရှင်းဆန်းကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားဆဲဖြစ်ပြီး နံရံကိုကျော်ကာ အချိန်အကြာကြီး ပြေးခဲ့ရတာကြောင့် ဖြစ်နိုင်တယ်။ ကျောင်းယူနီဖောင်းကုတ်ကို ကြယ်သီးဖြုတ်ထားပြီး အတွင်းကရှပ်အကျီရဲ့ အပေါ်ပိုင်းကြယ်သီးတွေတောင်မှ လျော့တိလျော့ရဲဖြစ်နေသေးတယ်။

စွဲမက်ဖွယ်ညှပ်ရိုးက တစ်ဝက်တစ်ပျက်နဲ့ ကြေးနီရောင်ရင်ဘတ်ကတောင် နည်းနည်းလေး ပေါ်ထွက်နေတယ်။

ဘားထဲမှာ အလင်းရောင်အနည်းငယ်သာရှိပြီး လင်းထိန်မနေဘူး။

မော့ကျူးချန်ကိုယ်တိုင်ကိုက လူအုပ်ကြားဒါမှမဟုတ် မှိန်ပျပျနေရာကို ရောက်ရင် အရောင်အဝါတွေထွက် တောက်ပလွန်းတာကြောင့် အမြဲတမ်းဆိုသလို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သတိပြုမိစေတယ်။

ထို့ကြောင့် ရှင်းဆန်းကျောင်းမှာဆို သူကအမြဲတမ်း အာရုံစိုက်ခံရတာဖြစ်တယ်။ လင်ရှန်း မော့ကျူးချန်ကို ကြည့်မနေဘူး။ သူ့မျက်လုံးတွေက drum setပေါ်မှာသာ တချိန်လုံး ကပ်ငြိနေတယ်။

အလင်းရောင်အောက်မှာ သတ္တုdrum setက တဖိတ်ဖိတ်တောက်ပနေပြီး ဆွဲဆောင်မှုအပြည့်နဲ့ ဖြစ်နေတယ်။

သူ ခဏလောက် တွန့်ဆုတ်ပြီးမှ စင်အနားကို ဖြေးဖြေးချင်း လျှောက်သွားတယ်။

"တက်ခဲ့" မော့ကျူးချန်က လင်ရှန်းဆီ အမြန်လျှောက်သွားကာ ကိုယ်ကို ကိုင်းပြီး သူ့ရဲ့ညာဘက်လက်ကို ဆန့်ထုတ်ပေးလိုက်တယ်။

စင်က အနည်းငယ်မြင့်တယ်။

လင်ရှန်း မော့ကျူးချန်လက်ကို မကိုင်ဘဲ အစွန်းကို လက်နှစ်ဖက်နဲ့ကိုင်ကာ ခုန်တက်လိုက်တယ်။

"ဘယ်လိုလဲ?" မော့ကျူးချန် ဒီလိုအသေးစိတ်လေးတွေကို လိုက်ဂရုစိုက်မနေဘူး။

သူနဲ့လင်ရှန်း drum setနားကို ဘေးချင်းကပ်လျှောက်သွားပြီး တခြားကလေးတွေကို သူသဘောကျတဲ့အရုပ်လေးတွေ ပြရဖို့ကို မစောင့်နိုင်တဲ့ပုံမျိုးနဲ့ ပြောလာတယ် "TVထဲမှာထက် အနီးကပ်တွေ့ရတော့ အများကြီးပိုကြည့်ကောင်းတယ်မှတ်လား?"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now