အပိုင်း - ၆၆

1.9K 292 18
                                    






[ Kay : ဒီအပိုင်းမှာ နည်းနည်းနားလည်မှု လွဲနေသလိုမျိုးလေးတွေပါနေလို့ မှားနေတယ်လို့ ထင်တဲ့နေရာမှာ *လေးတွေပြထားပါတယ်နော်။ ]


{Zawgyi}


လင်ရှန်း စိတ်ရှုပ်ထွေးနေသလို အမူအယာနဲ့ စုတျန်းတျန်းကို ကြည့်နေလိုက်တယ်။

သူ့အစ်ကိုကြီးရဲ့ကုမ္ပဏီမှာ စုတျန်းတျန်း ရုတ်တရက်ကြီး ပေါ်လာတာကြောင့်လည်း အနည်းငယ် အံ့ဩနေမိတယ်။

စုတျန်းတျန်းက အနာဂတ်မှာ လှပတဲ့ အမျိုးသမီးကာတွန်းရေးဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ သူသိတယ်။

အကြောင်းတရားနဲ့ ထိရောက်မှုတို့ ချိတ်ဆက်သွားတဲ့အခါမှာ ကိစ္စက တကယ်ကြီး ထင်ရှားသွားတော့တယ်။

လင်ရှန်း သူ့လက်ထဲက စက္ကူအိတ်ကို ငုံ့ကြည့်လိုက်တယ်။

သူ ခေါင်းမော့ပြီး စုတျန်းတျန်းကို ကြည့်လိုက်ချိန်မှာ အသံက ခပ်အုပ်အုပ်ဖြစ်နေတော့တယ် "ဘာကို သိတာလဲ?"

"အာ..." စုတျန်းတျန်း ရှက်ရှက်နဲ့ အတော့်ကို နီရဲနေတယ်။

သူက အမြဲတမ်းဆိုသလို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။

လင်ရှန်းနဲ့ဆိုလည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ထည့်တွက်နိုင်တယ်။

အခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး စကားမပြောနိုင်ဖြစ်နေကြတယ။်

"အဲ့တာ..." စုတျန်းတျန်းက လက်ညှိုးလေးထိုးပြလာတယ် "ဘာလဲဆိုတာ..."

သူ့မျက်လုံးတွေကို တဖျပ်ဖျပ်ခတ်နေပေမယ့် လင်ရှန်းနဲ့ အကြည့်ချင်းမဆုံရဲသေးဘူး။

လင်ရှန်းက စက္ကူအိတ်ထဲက စာအုပ်ကို နှိုက်ထုတ်လိုက်တယ်။

သူ့အမူအယာက ပိုတောင် ရှုပ်ထွေးသွားပြီး စုတျန်းတျန်းကို ချီတုံချတုံနဲ့ ကြည့်မိတယ်။

လေထုက အချိန်တစ်ခုလောက် အရမ်းကိုရှက်စရာကောင်းနေခဲ့တယ်။

"ရှန်းရှန်း" လင်ယွမ်က နှစ်ယောက်စလုံးကို အပြုံးလေးတစ်ပွင့်နဲ့ ပြောလာတယ် "အရင်ဆုံး ထိုင်လိုက်ပါအုံး"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now