အပိုင်း - ၁၆

9.4K 1.8K 19
                                    


{Zawgyi}

အတန်းFကကျောင်းသားတွေ တပြုံလုံး ရူးသွပ်ကုန်တယ်။ သူတို့ နားလည်မှုလွဲသွားတာလား?! လင်ရှန်းက မော့ကျူးချန်ကို ရူပဗေဒဘာသာတစ်ခုပဲ ကူပေးမှာမဟုတ်ဘူး သင်္ချာလည်းပါတယ်?! မဟုတ်သေးဘူး ကျောင်းသားကောင်းလား?! ပြောရမယ်ဆိုရင် ဘိတ်ချေးကလေ?! မော့ကျူးချန် ညဘက်သင်္ချာမတွက်ဘဲ နောက်တစ်နေ့ နေ့လည်စာနားချိန်ကျတော့မှ သူတို့တွေအားလုံးကို သင်္ချာလုပ်ဖို့ ဖိအားပေးအုံးမှာ ဟုတ်တယ်မှတ်လား?!

ထိုနှစ်ယောက်လုံးက သူတို့အတန်းဖော်တွေရဲ့ခံစားချက်တွေကို ထည့်မတွက်ကြတာတော့ စိတ်မကောင်းစရာပဲ။

မော့ကျူးချန်က သူ့မျက်ခုံးကို လှလှပပကြီးပင့်ပြလိုက်တယ်။ ထိုင်ခုံနောက်မှီပေါ် လှန်ချကာ သူ့ရဲ့ချောမွတ်တောက်ပြောင်ကျစ်လျစ်နေတဲ့ အောက်မေးရိုးကို မော့ကာ နှုတ်ခမ်းထောင့်စွန်းတွေကို အသာကွေးလိုက်တယ်။ ညကောင်းကင်လို နက်မှောင်နေတဲ့မျက်လုံးတွေနဲ့ လင်ရှန်းကို ပြုံးယောင်သမ်းကာ ကြည့်နေတယ်။

သူ့ရဲ့ကျောင်းယူနီဖောင်းအပေါ်ဝတ်ကို ကြယ်သီးတွေတပ်မထားဘဲ အထဲကအဖြူရောင်ရှပ်အကျီကို ပေါ်နေအောင်ဝတ်ထားတယ်။ ထိုရှပ်အကျီကိုတောင် ရင်ဘတ်လောက်ထိပဲ ကြယ်သီးတပ်ထားပြီး သူ့ရဲ့ဂျုံနှစ်ရောင်အသားအရေနဲ့ ညှပ်ရိုးတစ်ဝက်လောက်ကို ဖော်ပြထားသေးတယ်။

မော့ကျူးချန်ဆိုတာက အတော်ကြည့်ကောင်းနေပြီသား။ ဒီလိုမျိုး နေရောင်အောက်ကထိုင်ခုံပေါ်မှာ ပျင်းတွဲတွဲထိုင်နေပုံက သူ့ရဲ့ပြစ်မျိုးမှဲ့မထင်တဲ့အသွင်ကို အလင်းရောင်ဖျော့ဖျော့နဲ့ လွှမ်းခြုံထားတဲ့အတိုင်းပဲ။

ဒေါသတကြီး ကြည့်နေကြတဲ့အတန်းဖော်တော်တော်များများ ပြောစရာစကားတွေ ပျောက်ဆုံးကုန်တယ်။ အထူးသဖြင့် ကျောင်းသူတွေပေါ့။ မော့ကျူးချန်က များသောအားဖြင့် အေးစက်စက်အမူအယာတွေသာရှိတယ်။ အဲ့လိုသာမဟုတ်ရင် ‘ရေခဲတုံးနတ်ဆိုး’လို့ အခေါ်ခံရမှာမဟုတ်ဘူး။

ဒါပေမယ့် အခုအခိုက်အတန့်မှာတော့ သူကဟော်မုန်းတွေကို တုန့်ဆိုင်းခြင်းမရှိ အရှင်းသားကြီးထုတ်လွှတ်နေတယ်။ ခပ်မိုက်မိုက်ပြုံးနေပြီး သူ့အသက်အရွယ်အလိုက် လူငယ်ဆန်မှုတွေကလည်း အပြည့်ရှိတယ်။ မော့ကျူးချန် ဒီလိုပုံစံလုပ်လိုက်ရုံနဲ့တင် လူအုပ်ကြီးကို ညှို့ယူနိုင်စွမ်းရှိတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now