အပိုင်း - ၂၆

7.6K 1.6K 110
                                    

[ Kay : ဒီတစ်ပိုင်းမှာ ဟွမ်မောင်နဲ့ ပက်သက်ပြီး နည်းနည်းလေးပြောစရာရှိလို့ပါ။ ဟွမ်မောင်တာအိုရန်ဆိုပြီး ဒီအပိုင်းမှာထည့်ရေးထားတော့ အောက်က commentတွေကို သွားရှာဖတ်ကြည့်လိုက်တာ ဟွမ်မောင်ဆိုတာ အမွှေးဝါ/ဆံဝါလို အဓိပ္ပါယ်ရပါတယ်တဲ့။ ကြည့်ရတာ ဆံဝါတောက်ရန်ထင်ပါရဲ့။ အဲ့တာကြောင့် ဟွမ်မောင်(ဆံဝါ)နဲ့ တောက်ရန်ဆိုတာက အတူတူပါပဲလို့ ပြောချင်ပါတယ်။ ]

{Zawgyi}

မော့ကျူးချန်ရဲ့မျက်ဝန်းတွေက နက်ရှိုင်းကာတောက်ပနေတယ်။ သူလင်ရှန်းကို ဒီတိုင်းချည်းပဲ စိုက်ကြည့်နေတယ်။ ထိုလူ့မျက်လုံးတွေထဲက သူ့ရဲ့ပုံရိပ်ရောင်ပြန်လေးကိုတောင် မြင်နေရတယ်။

"မင်းက ဘယ်လိုအားပေးမှုကို လိုချင်နေတာလဲ?" စကားလမ်းကြောင်းဆက်ကာ ပြန်ဖြေဖို့ မရည်ရွယ်ပေမယ့် သူ့နှလုံးသားက ရုတ်တရက်လှုပ်ရှားသွားတာကြောင့်ဖြစ်တယ်။ ထိရောက်တဲ့အားပေးမှုနည်းလမ်းက အမြဲတမ်းဆိုသလို လူတွေမဆုတ်မနစ်ကြိုးစားအားထုတ်ဖို့အတွက် အကောင်းဆုံးတွန်းအားဖြစ်တယ်။

"အမ်း..." မော့ကျူးချန် အသံပြုလိုက်တယ်။ သူ့လက်ကို ထုတ်ကာ လင်ရှန်းပြင်ဆင်ပေးထားတဲ့ သင်္ချာမေးခွန်းလွှာတွေကို ဖြေးဖြေးချင်းဖွင့်လိုက်တယ်။

"မေးခွန်းတစ်ထောင်တဲ့" သူ စိန်ပြေနပြေပြောလာတယ် "မှတ်ဖို့အတွက်ဆို တော်တော်လေးအားကုန်မှာ"

ပြောရင်းနဲ့ မျက်လုံးပင့်ကာ လင်ရှန်းကို ကြည့်လာပြန်တယ် "မနက်ဖြန်မနက် မင်းငါ့အတွက် မနက်စာယူလာပေး"

"ကိစ္စမရှိဘူး" ဘာကြောင့်မှန်းမသိပေမယ့် လင်ရှန်းပြောမပြနိုင်အောင် စိတ်အေးသွားရတယ်။

ဒီလိုအပ်ချက်က သူတွေးထားတာထက် အများကြီးပိုလွယ်ကူတယ်...

"မင်းကိုယ်တိုင် လုပ်ထားတာမျိုးပေါ့" မော့ကျူးချန်ပြောလိုက်တယ်။

"မင်း... သေချာလား?" လင်ရှန်း အနည်းငယ်စိတ်လှုပ်ရှားစွာနဲ့ သူ့ကိုကြည့်လိုက်တယ် "မင်းက ငါ့ကို ကိုယ်တိုင်လုပ်စေချင်တာလား?"

"အင်း!" မော့ကျူးချန် ဟုတ်မှန်ကြောင်း ခေါင်းငြိတ်ပြလာတယ် "အစားအသောက်တွေကို အစိမ်းအတိုင်းကနေ ကျက်သွားတဲ့အထိ မင်းကိုယ်တိုင်ပဲ ချက်ပြုတ်ရမှာ" သူခဏလောက် တွေးပြီး ထပ်ပေါင်းပြောလိုက်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now