အပိုင်း - ၅၂

3.7K 887 25
                                    

{Zawgyi}

လင်ရှန်းနှလုံးသား လှုပ်ရှားသွားတယ်။

သူ မော့ကျူးချန်ကို ကြည့်လိုက်ပြီးနောက် ချက်ချင်းပဲ postကို နှိပ်လိုက်တယ်။

အဓိကpostက နှစ်မိနစ်စာလောက်တောင်မရှိတဲ့ videoလေးတစ်ခုဖြစ်တယ်။

ရိုက်ထားတဲ့ ရှုထောင့်က အနည်းငယ်ထူးဆန်းနေတယ်။ သူတို့တွေက အတော့်ကိုမြင့်တဲ့အနေအထားမှာ ရပ်နေပြီး ပုံတစ်ခုလုံးကို အောက်ကနေ ပင့်ရိုက်ထားသလို ပုံပေါ်တယ်။

သို့ပေမယ့် effectကတော့ သိပ်ကိုကြည်လင်ပြတ်သားလှတယ်။ လင်ရှန်းက နံရံကိုမှီရပ်နေရတုန်းမှာ တောင်တက်စက်ဘီးလေးက တွန်းချခံထားရတာကို အမိအရ ဓာတ်ဖမ်းထားနိုင်ခဲ့တယ်။

လင်ရှန်းက ပိန်ပိန်ပါးပါးလေးဖြစ်တယ်။ အရပ်က ၁.၇၅မီတာရှည်တယ်ဆိုပေမယ့် ပုံစံလေးကတော့ ပါးလျလျလေးသာ။

ရှင်းဆန်းကျောင်းရဲ့ခေတ်နောက်ပြန်ဆွဲနေတဲ့ ကျောင်းယူနီဖောင်းနဲ့ဆို နှစ်လိုဖွယ်ကောင်းပြီး အားနည်းပုံလေးဖြစ်နေတယ်။

အပေါ်စီးကရိုက်ယူထားတဲ့ရိုက်ချက်အောက်မှာ သူ့မျက်နှာပေါ်က ထိတ်လန့်ပြီး ဖြူရော်နေတဲ့ပုံလေးကို အရှင်းသားမြင်နေရတယ်။ တစ်ကိုယ်လုံးလည်း နံရံမှာ ကပ်နေပြီး သနားချင့်စဖွယ်ကောင်းနေတယ်။

လင်ရှန်း "..."

သူ အရမ်းရှက်လာသလို ခံစားရတယ်!

အဲ့နေ့တုန်းက ဒီလောက်တောင် ကြောက်နေခဲ့တာလား?!

Video က ပွင့်လာတော့တယ်။

Videoထဲမှာ ဆိုင်ကယ်စီးဝတ်စုံနဲ့အမျိုးသားက ပြုံးနေပြီး လင်ရှန်းဆီ လျှောက်လာနေတယ်။

သူ့ရဲ့ညာဘက်လက်ကို ဖျက်ဆီးဖို့ ပေါ့ပေါ့ပါးပါးပြောနေခဲ့တယ်။ ထို့နောက်မှာတော့ လင်ရှန်းရဲ့ အသုံးမဝင်တဲ့ ရုန်းကန်မှု တစ်သီတစ်တန်းကြီးသာ...

နှစ်မိနစ်လောက်တောင်မရှိတဲ့ videoက မကြာခင်မှာပဲ ပြီးဆုံးသွားတော့တယ်။

Videoထဲမှာ လင်ရှန်းကို မော့ကျူးချန်လာကယ်သွားတဲ့မြင်ကွင်းကို အမိအရမရိုက်ထားမိဘူး။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now