အပိုင်း - ၄၁

4.9K 1K 39
                                    


{Zawgyi}


လင်ရှန်းခေါင်းက ရုတ်ခြည်းဆိုသလို ဗလာကျင်းသွားတယ်။

သူ့မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး အနီးကပ်ရှိနေတဲ့ မော့ကျူးချန်ကို ကြည့်လိုက်တယ်။

တစ်ဖက်လူရဲ့မျက်တောင်တွေက ရှည်လျားထူထဲလွန်းကာ အနီးကပ်လာတာနဲ့အမျှ သူ့ရဲ့လိပ်ပြာတောင်ပံတွေလို ထူထဲလှတဲ့မျက်တောင်တွေကိုတောင် လင်ရှန်း ရေတွက်ကြည့်လို့ရသလောက်ရှိတယ်။

သူ့မျက်လုံးတွေကလည်း အလွန်တောက်ပကာ ပယင်းရောင်မျက်လုံးတွေထဲ သူ့(လင်ရှန်း)ရဲ့အရိပ်သေးသေးလေးကိုတောင် ပြန်မြင်နေရတယ်။

နှာတံကလည်း လှပေမယ့် သူ အပေါ်ပိုင်းလောက်သာ မြင်ရတယ်။

ထို့နောက် နှုတ်ခမ်းပါးတွေ...

နွေးထွေးတဲ့အာငွေ့နဲ့ နှုတ်ခမ်းပါးတွေက သူတို့နှုတ်ခမ်းတွေရဲ့ ထောင့်နားတွေကို အသာဖိကပ်ထားတယ်!

မော့ကျူးချန်ရဲ့ အာငွေ့က လင်ရှန်းဆီကိုပါ ချင်းနင်းဝင်ရောက်လာတယ်။

ဒါက သူအသက်ရှုလိုက်တိုင်း မော့ကျူးချန်အနံ့ကိုသာ ရနေစေတယ်။

မော့ကျူးချန်က သူ့ရဲ့ဘယ်ဘက်လက်ကို သူ့အိတ်ကပ်ထဲထည့်ထားပြီး ညာဘက်လက်က လင်ရှန်းရဲ့ဂုတ်ပိုးပေါ် တင်ထားကာ မီးဖိုကောင်တာရဲ့မျက်နှာချင်းဆိုင်မှာ ကိုယ်ကိုယိုင်ပေးထားတာဖြစ်တယ်။

သူက လင်ရှန်းထက် အရပ်ရှည်တာကြောင့် သူ လင်ရှန်းကို ငုံ့နမ်းချိန်မှာ ခါးကို အနည်းငယ်ကိုင်းထားရတယ်။

ကိုယ်နေဟန်ထားက သိပ်ကိုကြည့်ကောင်းလွန်းလှတယ်။

သို့ပေမယ့် သူတို့တွေ ဘယ်လောက်ပဲမိမိုက်နေပါစေ သူတို့မဖုံးကွယ်နိုင်...

အား အား အား အား အား အား!!!

လင်ရှန်းမျက်လုံးတွေ ရုတ်ခြည်း ပြူးကျယ်ကုန်တော့တယ်။

သူတို့တွေ... နမ်းနေတယ်?!

သူ့လက်ကို အကြမ်းပတမ်းဆန့်ထုတ်ပြီး မော့ကျူးချန်ရဲ့ရင်ဘတ်ကို ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now