အပိုင်း - ၃၈.၁

4.9K 1K 16
                                    


{Zawgyi}

လင်ရှန်း ပြောစရာစကားတွေ ပျောက်ရှကုန်တယ်!

အချိန်အတော်ကြာတဲ့အထိ လက်ရွေးစင်အတန်းကလည်း အသံတိတ်ဆိတ်နေတယ်။ လုမြောင်မြောင်ကတော့ နေရာမှာတင် ထိုင်နေပြီး မျက်နှာသေးသေးလေးက ဖြူလျော်လို့နေတယ်။ သူမဘေးနားမှာရပ်နေတဲ့ အိုးရန်ယင်းယီနဲ့ လင်းဝေ့နင်တို့ရဲ့ အမူအယာတွေကလည်း အတော်လေးအံ့ဩနေပုံပေါ်တယ်။

လုမြောင်မြောင်ရဲ့ထောက်ခံသူတွေကလွဲလို့ ဒီကိစ္စနဲ့ဘာမှမသက်ဆိုင်ကြတဲ့ လက်ရွေးစင်တန်းက ကျောင်းသားတွေကလည်း လုမြောင်မြောင်တို့ကို စိုက်ကြည့်နေကြပြီဖြစ်တယ်။ အထူးသဖြင့် မော့ကျူးချန်က အညှာအတာကင်းမဲ့တဲ့ နောက်ဆုံးစကားကို ထုတ်ပြောပြီးတဲ့နောက် လုမြောင်မြောင်နဲ့ ကျန်နှစ်ယောက်ကတော့ သွားပြီဆိုပြီး လူတိုင်း ခံစားလိုက်ရတယ်။

လင်ရှန်း အပါအဝင်ပေါ့။

မော့ကျူးချန်က သူ့ကို လက်မောင်းကနေဆွဲကာ အပေါ်ထပ်ရှိသူတို့ Fတန်းဆီကို မြန်မြန်ဆန်ဆန်ခေါ်လာတယ်ဆိုပေမယ့် သူ့တစ်ကိုယ်လုံးကတော့ လုံးဝနှေးကွေးလေးလံနေဆဲဖြစ်တယ်။

ဝတ္ထုထဲမှာရှိတဲ့လောကကြီးက အမြဲတမ်းဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတာပဲလား?

ဘာကြောင့်များ မော့ကျူးချန်က အိုးရန်ယင်းယီတို့နဲ့ အရင်က အလောင်းအစားလုပ်ခဲ့တာလဲ? စစချင်း စက္ကန့်ပိုင်းလေးမှာတင် သတ်ပစ်လိုက်လို့ မရဘူးလား?

"ဟေး!" မော့ကျူးချန် လင်ရှန်းရှေ့မှာ လက်ကို ဝှေ့ယမ်းလိုက်တယ် "သတိပြန်ကပ်စမ်း"

လင်ရှန်း တုန်တက်သွားပြီး သူ့ခေါင်းကို ခါပစ်လိုက်တယ်။ သူက Fတန်းထဲမှာတောင် နေရာတကျထိုင်နေပြီဖြစ်တာကို သိလိုက်ရတယ်။ သူ့ရဲ့အနောက်ဘက်မှာတော့ မော့ကျူးချန်က ခုလေးတင် စားပွဲခုံပေါ်လွယ်အိတ်ကို ပစ်တင်လိုက်တယ်။

လင်ရှန်း ဝိဉာဉ်ပြန်ကပ်လာတာကိုမြင်တော့ သူ့ကျောပိုးအိတ်ထဲက နေ့လည်စာဘူးကို နှိုက်ထုတ်ပြီး သူ့ဆီ လှမ်းပစ်ပေးလိုက်တယ် "မနက်စာ မစားရသေးဘူးလား?"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon