အပိုင်း - ၂၉

7.5K 1.4K 62
                                    

{Zawgyi}

"ငါက ဘာဖြစ်လဲ?" အခန်းထဲက မော့ကျူးချန်က မျက်ခုံးတစ်ဖက်ပင့်ပြလာတယ်။ လူငယ်လေးရဲ့ခန့်ညားတာကြောင့် နာမည်ကြီးပြီး ကြည့်ကောင်းနေပြီးသားဖြစ်တယ်။ တောင့်တောင့်ဖြောင့်ဖြောင့်အချိုးအစားကြီးကြောင့် အကျီတွေဆို ကွက်တိကိုကျနေတတ်တယ်။

ဒီခဏလေးအတွင်းမှာ သူက အနောက်တိုင်းဝတ်စုံကိုလဲလိုက်တယ်။ ကျောင်းရဲ့ယူနီဖောင်းရှပ်အကျီက ရိုးရှင်းပေမယ့် ကြယ်သီးပြည့်တပ်ထားတယ်။ မော့ကျူးချန်တစ်ယောက် ဟိတ်ကြီးဟန်ကြီးနဲ့ လည်တိုင်မှာလည်း နက်တိုင်ကိုဆွဲထားသေးတယ်။

အပေါ်ကုတ်က အနက်ရောင်ဖြစ်ပြီး ရုံးတက်တဲ့အနောက်တိုင်းဝတ်စုံလိုမျိုးဖြစ်တယ်။ ရှင်းဆန်းကျောင်းယူနီဖောင်းနဲ့ယှဉ်ကြည့်မယ်ဆိုရင် အထူးချုပ်တဲ့ဝတ်စုံဒီဇိုင်းက ရိုးရှင်းပေမယ့် ချုပ်ရိုးချုပ်သားက သေသပ်လှတယ်။ မော့ကျူးချန်ရဲ့ပုခုံးကျယ်ကြီးတွေရယ် သိမ်ဝင်သွားတဲ့ခါးရယ် ပေါင်းစပ်လိုက်တဲ့အခါ ပြီးပြည့်စုံစွာ ပေါ်လွင်နေတော့တယ်။

အနက်ရောင်ဘောင်းဘီတွေနဲ့ ရစ်ပတ်နေတဲ့ ခြေတံရှည်ကြီးတွေကတော့ ထည့်ပြောမနေနဲ့တော့။

လင်ရှန်း ဆွံ့အနေတယ်! ခဏအကြာမှာ သူ့အကြည့်က မော့ကျူးချန်မျက်နှာဆီ ဖြည်းဖြည်းချင်းပြန်မော့လာတယ်။ အသံတောင်ထွက်တဲ့အထိ မယုံကြည်နိုင်ဟန်နဲ့ တံတွေးမြိုချလိုက်တယ်။

"မင်း..." သူ့အသံက အနည်းငယ်တိုးဖျော့နေတုန်းပဲ "မင်းက ဒီလိုပုံကြီးနဲ့ ဘာလုပ်ချင်နေတာလဲ?"

မော့ကျူးချန်ရဲ့ဒီလိုပုံစံမျိုးက တကယ့်ကို ထက်မြက်ပုံပေါက်တယ်ဆိုတာကို သတိပြုမိတယ်ဆိုပေမယ့်ပေါ့!

ဒီလိုအထက်တန်းကျတဲ့ဝတ်စုံကို လဲပြီးတဲ့နောက်မှာ သူ့အသွင်အပြင်က ကျောင်းဝတ်စုံဝတ်ထားတာနဲ့ယှဉ်ရင် ပိုပြီးကြည့်ကောင်းသွားတယ်။ အဝတ်အစားတွေက သဘာဝကျကျကွက်တိကျနေပြီး ပြစ်မျိုးမှဲ့မထင်မျက်နှာနဲ့ စကားလည်းမပြော ရယ်မောခြင်းလည်း မရှိတဲ့ မော့ကျူးချန်...

အမှန်ကိုပဲ ဒီလူက နတ်ဘုရားတစ်ပါးလို့ အခေါ်ခံရသင့်ပါပေတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now