အပိုင်း - ၅၅

3.7K 866 36
                                    

{Zawgyi}

လင်ရှန်းပြောလို့ပြီးတဲ့နောက် Fခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။

မနက်ခင်းစာကြည့်ချိန်ဖြစ်တာကြောင့်လည်း အတန်းက အတော်လေးတိတ်ဆိတ်နေတယ်။ ဒီအချိန်မှာ ကျောင်းသားတွေအားလုံးရဲ့ မျက်လုံးတွေက သူ့ပေါ်သာ ကျရောက်နေတယ်။

သူ့ဘေးနားမှာထိုင်တဲ့ ချင်မင်းမင်းက လင်ရှန်းရဲ့အကျီအစွန်းနားကို အသည်းအသန်ဆွဲကာ သူ့ထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေသေးတယ် "ရှန်းကော! ရှန်းကော!"

ချင်မင်းမင်းက သူ့ကို လက်မထောင်ပြကာ "မင်းက ငါ့ရဲ့တစ်သက်စာ idolကြီးပါပဲ!"

လင်ရှန်း သူ့ကိုပြုံးပြလိုက်ပြီးနောက် စာသင်ခန်းအပြင်ဘက်ကို လှည့်ထွက်သွားတော့တယ်။

Fတန်းက စာသင်ဆောင်ရဲ့ထိပ်ဆုံးအလွှာ ညာဘက်မှာရှိတယ်။ ညာဘက်ကို ထပ်သွားမယ်ဆိုရင် ကျောင်းသားတွေ အခန်းထဲကထွက်လာချိန် ဟိုလျှောက်ဒီလျှောက်လုပ်နိုင်စေဖို့ စက်ဝိုင်းပုံစံအကွက်ကြီးတစ်ခုရှိတယ်။

အခုချိန်မှာ လီရှုချန်နဲ့ မော့ကျူးချန်က ထိုအကွက်ထောင့်နားမှာ ရပ်နေကြတယ်။

လင်ရှန်းက မော့ကျူးချန်ရဲ့အမူအယာကို မမြင်ရဘူး။ အတန်းပိုင်ဆရာကသာ အတော်လေးရုပ်တည်နေပြီး တစ်စုံတစ်ခုကို တီးတိုးပြောနေတာကိုသာ မြင်ရတယ်။

သူ အသက်ကိုပြင်းပြင်းရှုသွင်းပြီး လီရှုချန်ဆီ လျှောက်သွားလိုက်တယ်။

တကယ်တော့ အိုးရန်ယင်းယီရဲ့ postကနေ မော့ကျူးချန်က ရူပဗေဒမှာ အမှည့်ပြည့်ရထားတယ်ဆိုတာကို သူသိလိုက်ရပြီး လင်ရှန်းလည်း နည်းနည်းတော့ အံ့ဩခဲ့ရတယ်။

ဒါပေမယ့် ဒီလိုမျိုး စိတ်ကြီးဝင်နေတဲ့မော့ကျူးချန်ကို သူယုံတယ်၊ ခိုးချဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်ဘူး။

သူ့အတွက် ခိုးချတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။

တကယ်တော့ ပြီးခဲ့တဲ့စာမေးပွဲနှစ်ခုမှာ လင်ရှန်းတကယ် တွန့်ဆုတ်ခဲ့ရတယ်။

သူ နည်းနည်းလောက်ဖြစ်ဖြစ် လျှော့ပေါ့ပေးသင့်လားဆိုပြီးတောင် တွေးခဲ့မိတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now