အပိုင်း - ၆၇

1.6K 259 16
                                    




{Zawgyi}


မော့ကျူးချန်က ခပ်သွက်သွက် လျှောက်နေတယ်။

လင်ရှန်းတောင် မတုန့်ပြန်နိုင်သေးခင်မှာ ဓာတ်လှေကားပေါက်ဝဆီကို ဆွဲခေါ်ခံလိုက်ရပြီဖြစ်တယ်။

လင်ယွမ်ရဲ့ကုမ္ပဏီက အဆောက်အအုံရဲ့အပေါ်ဆုံးထပ်မှာဖြစ်တယ်။ သူက လက်ကိုဆန့်ထုတ်ပြီး ဓာတ်လှေကားခလုတ်ကိုနှိပ်ကာ မျက်နှာသေကြီးနဲ့ ဓာတ်လှေကားကို မျက်နှာချင်းဆိုင်ထားတယ်။

အဆောက်အအုံရဲ့အပေါ်ဆုံးထပ်ရှိ လျှောက်လမ်းကတော့ တိတ်ဆိတ်လို့နေတယ်။

"မော့ကျူးချန်?" ဒီအချိန်မှပဲ လင်ရှန်း စိတ်သက်သာရာရသွားတယ်။

သူ့လက်ကောက်ဝတ်က အနည်းငယ်နာကျင်နေပြီး မော့ကျူးချန်ရဲ့အားက တကယ့်ကို သန်မာလှတယ်။

လင်ရှန်းက လွတ်အောင်မရုန်းနိုင်တာကြောင့် မျက်မှောင်ကြုတ်ပြီး တစ်ဖက်လူကို လှမ်းကြည့်လိုက်တယ်။

ခန့်ညားလှတဲ့ကောင်လေးရဲ့ မေးရိုးက တင်းကျပ်နေတယ်။

မျက်လုံးကို မှေးကျဉ်းထားခြင်းမရှိဘဲ ဓာတ်လှေကားတံခါးကိုသာ စိုက်ကြည့်နေတယ်။

ကြည့်ရတာ မသိရင်ပဲ ဓာတ်လှေကားတံခါး အမြန်ပွင့်လာအောင် မနောနဲ့ စေခိုင်းနေတဲ့အတိုင်းပဲ။

သေချာတာကတော့ ဒေါသထွက်နေတုန်းပဲ...

လင်ရှန်း စိတ်ထဲကနေသာ အသံတိတ် သက်ပြင်းချမိလိုက်တယ်။

'မြေအောက်ကားပါကင်ထဲမှာ တစ်ယောက်တည်းထားခဲ့ရလောက်အောင် ငါကလည်း လွန်သွားတာကိုး'

'ဘာလက်ဆောင်မှလည်း မပြင်ပေးခဲ့ဘူး'

'အင်းလေ ဘယ်လိုလုပ် ပျော်စရာကောင်းတဲ့ မွေးနေ့လေးဖြစ်တော့မှာလဲ'

လင်ရှန်းရဲ့လက်ကောက်ဝတ်က တင်းကျပ်စွာ ကိုင်ထားခံနေရတယ်။

သူသာ လက်လွှတ်လိုက်ရင် ထွက်ပြေးသွားမှာကို မော့ကျူးချန် စိုးရိမ်နေပုံပေါ်တယ်။

လင်ရှန်းကလည်း ရုန်းကန်မနေတော့ဘူး။

သူ့ရဲ့ခန္ဓာကိုယ်ကို ဖြေလျော့လိုက်ပြီး တစ်ဖက်လူက သူ့လက်ကောက်ဝတ်ကို ပိုင်စိုးပိုင်နင်းနိုင်စွာ ဆုပ်ကိုင်ထားတာကိုပဲ ခွင့်ပြုပေးလိုက်ရတော့တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now