အပိုင်း - ၃၅

5.8K 1.1K 56
                                    

{Zawgyi}

မော့ကျူးချန်နဲ့ တခြားသူတွေနောက်ကနေ လင်ရှန်း တွေဝေမိန်းမောစွာ လျှောက်လာခဲ့တယ်။ သူ ခေါင်းမော့လိုက်တာနဲ့ bathrobeဝတ်ထားတဲ့ တစ်ဖက်လူရဲ့ရှည်ရှည်ဖြောင့်ဖြောင့်နောက်ကျောကို မြင်နေရတယ်။

မော့ကျူးချန်ဆံပင်တွေက စိုနေဆဲဖြစ်ပြီး ရံဖန်ရံခါ ခြေလှမ်းတွေလှမ်းလိုက်တိုင်းမှာ ရေပေါက်လေးတွေက နီညိုရောင်လည်တိုင်တစ်လျှောက် bathrobeအောက်ထိ လိမ့်ဆင်းကျသွားတယ်။ လင်ရှန်း ခေါင်းယမ်းပစ်လိုက်တယ်။

'ဘာလဲဟ?'

'ဒီလောက်ကြည့်ကောင်းနေတာကြီးက မဖြစ်နိုင်ဘူးလေ!'

ခုနလေးတင် အားလုံးက ဝိုင်းကြည့်နေတာကို လန့်မသွားဘူး! ဒါပေမယ့် မော့ကျူးချန်ကြီး ရုတ်တရက် ထရပ်လာတော့မှ အထိတ်တလန့်ဖြစ်သွားရတာဖြစ်တယ်!

တောက်ရန်က မော့ကျူးချန်ဘေးနားကနေ လျှောက်လိုက်တယ်။ သူ့ခေါင်းပေါ် စိုနေတဲ့အဝါရောင်ဆံပင်တွေ လှန်တင်ကာ အရှေ့နားမှာ လက်မထောင်ပြလိုက်တယ်။

"ဟေး!" တောက်ရန် ဟိုမရောက်ဒီမရောက် ပြုံးလိုက်တယ် "ဘော့စ်က မိုက်လိုက်တာ!"

ဒီစကားက အပြည့်အစုံက : 'ဘော့စ် ကောင်ချောလေးတွေက မတရားမိုက်တယ်! လင်ရှန်းတစ်ယောက် အကြည့်တောင် မလွှဲနိုင်ဘူး!' ဖြစ်သင့်တယ်။

အဲ့နောက် ကျန်တဲ့တစ်ဝက်ကတော့ : 'ကြည့်ရတာ သူ့ရဲ့ bathrobeကို တော်တော်ကြီးမချွတ်ချင်နေသလိုပဲ' ဖြစ်တယ်။

သေချာပေါက် ဒါကတော့ အတွေးရထားကြီးသာ!

မော့ကျူးချန် အသာနှာခေါင်းရှုံ့လိုက်တယ်။ သူ့အမူအယာက ရေပူစမ်းဟိုတယ်ကို ရောက်ခါစတုန်းကထက် အများကြီးပိုပြီး သက်သောင့်သက်သာဖြစ်လာပြီဖြစ်တယ်။ ကြည့်ရင်းနဲ့ သူတို့ရဲ့ဗီလာဆီ ရောက်လုနီးပါးဖြစ်လာတယ်။

မော့ကျူးချန် လမ်းလျှောက်နေရာက ရပ်လိုက်ပြီး ခေါင်းလှည့်လာတယ်။ အတော်လေးစိတ်လွင့်နေသေးတဲ့ လင်ရှန်းကို ပြောလိုက်တယ် "မင်းခဏလောက် ဝင်လို့ရလား?"

"မရဘူး..."

လင်ရှန်း စကားတောင် ဆုံးအောင်မပြောနိုင်သေးခင် တောက်ရန်က အလောတကြီးပြောလာတယ် : "အတူတူ သွားကြမယ်လေ လင်ရှန်း၊ လူနည်းနည်းလေးက ပျင်းစရာကြီး"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now