အပိုင်း - ၅၃

3.7K 837 12
                                    


{Zawgyi}

လင်ရှန်း တုန်တက်သွားတယ်။

လင်မိသားစုဗီလာရဲ့ ဧည့်ခန်းက အတော့်ကိုကျယ်ကျယ်ဝန်းဝန်းရှိပြီး ကြမ်းပြင်ကနေ မျက်နှာကျက်ထိအပြည့်ရှိတဲ့မှန်ပြတင်းက ဗီလာပန်းခြံကို မျက်နှာမူထားတယ်။

အခုချိန်က နောက်ကျနေပြီဖြစ်ကာ လင်ယွမ်က ပြင်သစ်မှန်ပြတင်းတွေကို နောက်ကျောပေးပြီး ရပ်နေတယ်။ သူ့နောက်မှာ ပန်းခြံထဲက ရှေးပုံစံလမ်းမီးတွေကိုတောင် ဖွင့်ထားပြီဖြစ်တယ်။

မီးသုံးပွင့်သာ ဖွင့်ထားတယ်ဆိုပေမယ့်လည်း မှိန်ဖျော့ဖျော့လေးလင်းနေကာ လေထုက သိပ်ကိုအေးချမ်းပြီး ကြော့ရှင်းလို့နေတယ်။

ဧည့်ခန်းထဲက အကြီးဆုံးဖန်သားမီးအိမ်ကြီးကိုတော့ ဖွင့်မထားဘူး။

မှိန်ဖျော့ဖျော့အဝါရောင်အလင်းတန်းလေးက နူးညံ့စွာဖျာကျနေပြီး လင်ယွမ်ကို အလုံးစုံလွှမ်းခြုံထားတယ်။ ဒါ့အပြင် သူ့နောက်ကပြင်သစ်ပြတင်းပေါက်ရဲ့ အပြင်ဘက်က လမ်းမီးရောင်လည်း ရှိသေးတယ်။

လင်ယွမ်က အမြဲတမ်း သိမ်မွေ့ကာ အေးစက်တဲ့အမူအယာကို ပြသတယ်ဆိုတာ ရှားပါးတယ်။

ဒီလိုမျိုးနဲ့ဆိုရင် သူက သာမန်နေ့တွေမှာမြင်နေကျ လူကြီးလူကောင်းပီသတဲ့အစ်ကိုကြီးနဲ့ မတူတော့ဘူး။

အကဲပိုပြီးပြောရမယ်ဆိုရင်တော့ သူ့ဆီကနေ အနက်ရောင်မြူခိုးတွေကိုတောင် မြင်နိုင်သလောက်ပဲ။ မည်းသည်းလာတာပေါ့!

လင်ရှန်း "..."

သူ မသက်မသာနဲ့ ခေါင်းနော့ကာ သူ့အစ်ကိုကြီးကို ကြည့်လိုက်တယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် လင်ရှန်း ထိတ်လန့်သွားရတယ်။

သူ့အစ်ကိုကြီးက တကယ်ပဲမှောင်မိုက်လာပြီး သူ့ကို ဘာလုပ်လိမ့်မလဲဆိုတာကိုတော့ လင်ရှန်း စိတ်မပူဘူး။ လင်ယွမ် ဒီလိုပုံမျိုးဖြစ်ရတာကလည်း သူ့ကိစ္စကြောင့်ပဲဖြစ်တယ်။

သူ အတော့်ကိုစိတ်လှုပ်ရှားရတယ်။ သို့ပေမယ့် နည်းနည်းတော့ ကျင့်သားမရဘူး။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now