အပိုင်း - ၃၄

5.6K 1.2K 43
                                    


{Zawgyi}

လင်ယွမ်ရဲ့မျက်ခုံးထောင့်နဲ့ မျက်လုံးတွေထဲမှာ အပြုံးတွေနဲ့ ပြည့်နှက်နေတယ်။ အကြည့်ကတောင် အနည်းငယ်စနောက်နေသလို ဖြစ်နေတယ်။ လင်ရှန်းနှလုံးသား ရုတ်တရက် ခုန်ပေါက်သွားတယ်။ သူ့အစ်ကိုကြီးက ရှင်းဆန်းကျောင်းဖိုရမ်ပေါ်က ထိုpostတွေကို ဖတ်ထားပြီးပြီဖြစ်သလို သူနဲ့မော့ကျူးချန်ကိုလည်း လိုက်စနေတာဖြစ်တယ်။

အဲ့တာဆို ဒီလူက တကယ်ပဲ...

သူတို့ကိုနောက်ကျောပေးကာရပ်နေတဲ့ကောင်လေးက လှည့်လာနေပြီဖြစ်တယ်။ သူက ရှင်းဆန်းကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားပြီး ရိုကျိုးစွာနဲ့ ရှပ်အကျီကို ကြယ်သီးပြည့်တပ်ဆင်ထားတယ်။

ကျောင်းယူနီဖောင်းအပေါ်ကုတ်ကလည်း သပ်ရပ်ကာ ချပ်ချပ်ရပ်ရပ်ရှိတယ်။ သူ့အမူအယာက တည်ငြိမ်ပြီး မျက်လုံးကြည်ကြည်လေးတွေနဲ့ နှုတ်ခမ်းထောင့်စွန်းတွေကလည်း အနည်းငယ်ကော့တက်နေတယ်။ ကြည့်ရတာ သိမ်မွေ့ပြီး ယဉ်ကျေးစွာပြုမူတတ်တဲ့ အိမ်ဘေးကအစ်ကိုကြီးတစ်ယောက်လိုတောင် ဖြစ်နေတယ်။ ထပ်ပေါင်းပြောရရင် ကျောင်းကို မိုးပြိုလာအောင်ဆွဲချမယ့် နတ်ဆိုးတစ်ကောင်နဲ့ လားလားမှ မသက်ဆိုင်ဖြစ်နေတယ်။

သို့ပေမယ့် အသွင်အပြင်ကိုကြည့်ရုံနဲ့တင် ဒီကျောင်းသားလေးက တကယ်ကိုမော့ကျူးချန်မှန်း သိသာတယ်။ မော့ကျူးချန်က သူတို့ကို ခေါင်းအသာငြိတ်ပြရုံတင်မကဘူး ချူရုန့်ကိုတောင်မှ စပြီးနှုတ်ဆက်လိုက်သေးတယ် "ဟယ်လို အန်တီ"

အသွင်အပြင်က ထက်ထက်မြက်မြက်လေးနဲ့ ယဉ်ကျေးဟန်။

"အယ်?" ချူရုန် မော့ကျူးချန်နားကို အပြုံးလေးတစ်ပွင့်နဲ့ လျှောက်သွားတယ်။ သူမရဲ့စူးရှတဲ့မျက်လုံးတွေ လည်တယ်တယ်လေးဖြစ်နေပြီး "ဒါက မော့မိသားစုက သခင်လေးမော့များလားလို့..."

ချူရုန် မျက်တောင်လေးပုတ်ခတ်ခတ်လုပ်ကာ သူမရဲ့ယောကျာ်းကို ကူညီပေးဖို့ အကြည့်တစ်ချက်ပို့လိုက်တယ်။ သူမက ပတ်ဝန်းကျင်နဲ့သိပ်ပြီး ရောရောနှောနှောမနေဘူး။ လင်ရှုရှင်းကလည်း သူမကိုအမြဲတမ်း အလိုလိုက်ထားတာဖြစ်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now