အပိုင်း - ၄၆

4K 940 17
                                    


{Zawgyi}

လွတ်နေတဲ့ဘားကြီးထဲမှာ သူတို့နှစ်ယောက်သာရှိတယ်။

Drum setကအသံ ရပ်သွားပြီးတဲ့နောက် ဟောခန်းတစ်ခုလုံး တိတ်ကျသွားကာ လူနှစ်ယောက်ရဲ့ အသက်ရှုသံကိုသာ ကြားနေရတယ်။

လင်ရှန်းက အသက်ကို ခပ်ပြင်းပြင်းရှုကာ ခေါင်းလှည့်ပြီး မော့ကျူးချန်ကို ကြည့်လိုက်တယ်။

ခန့်ညားတဲ့ကောင်လေးက ကျောကိုဖြေးဖြေးချင်း ပြန်မတ်ကာ နှစ်လိုဖွယ်ကောင်းတဲ့အောက်မေးရိုးပေါ်မှာ ဓားသွားလိုအမှတ်အသား ပေါ်လာတယ်။ [ T/N : မေးရိုးကို တင်းလိုက်တာကြောင့် အရာကြီးပေါ်လာတာကို ပြောချင်တာပါ ]

သူ့မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားပြီး တဖြည်းဖြည်းနဲ့ အေးစက်လာတယ်။

သူ့နှုတ်ခမ်းပါးတွေကလည်း တည်တင်းသွားပြီး လင်ရှန်းရှေ့ရောက်ရင် အမြဲတမ်း ကော့တက်နေတတ်တဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ပျောက်ပျက်သွားတော့တယ်။

မော့ကျူးချန်ကျောရိုးက ဖြောင့်တန်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်က လေးတွဲ့တဲ့အသက်ရှုနှုန်းကလည်း မရှိတော့ဘူး။

ကြည့်ရတာ အတန်းပိုင်ဆရာကိုရှောင်ကာ လင်ရှန်းကို ခေါ်လာပြီး အတန်းလစ်ဖို့ အုတ်နံရံကျော်ကာ နှစ်ယောက်သား ဘားထဲမှာ drumတီးဖို့ အပြေးရောက်လာကြတဲ့ပုံပင်။

လင်ရှန်း နောက်တစ်ကြိမ် သက်ပြင်းရှိုက်လိုက်ပြီး သူ့မျက်လုံးတွေရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာ ကြောက်ရွံ့မှုအရိပ်အယောင် ဖြတ်သန်းသွားတယ်။

_ မော့ကျူးချန်ရဲ့အသွင်က ဝတ္ထုကိုဖတ်ခဲ့ရချိန်မှာလိုမျိုး အကြမ်းပတမ်းနိုင်ကာ အေးတိအေးစက်နဲ့ အမှန်တကယ်ကို နတ်ဆိုးကျောင်းမြက်ကြီးနဲ့ အနည်းငယ်တူနေတယ်။

"ငါ..." သူ ပါးစပ်ဟကာ ပြောလာတယ်။ ခုလေးတင် ထွက်ပေါ်လာခဲ့တဲ့ သတ္တိတွေကလည်း လုံးဝမရှိတော့ဘူး။

"မင်း ဘာကိုဆိုလိုတာလဲ?" လင်ရှန်း တစ်ခွန်းပြောရုံရှိသေးတယ် မော့ကျူးချန်က ကြားဖြတ်ပြောလာတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now