အပိုင်း - ၂၈ [ Unicode ]

8.5K 1.2K 141
                                    

[ Kay : ဒီအပိုင်းက တကယ်ကို ရှည်သလို တချို့နေရာမှာလည်း နည်းနည်းနားမလည်တာမျိုးတွေရှိနေတဲ့အတွက် လွဲချော်တာမျိုးရှိခဲ့တယ်ဆိုရင် ကြိုပြီးတောင်းပန်ပါတယ်လို့။ အရှည်ကြီးဖြစ်နေလို့ Zawgyi နဲ့ Unicodeကို သက်သက်စီ ထားလိုက်ပါတယ် ]

{Unicode}

"Whhhhh..."

ရှုချန်းမျက်လုံးတွေ ပြူးကျယ်နေပြီး သူတို့ကို လင်ရှန်းက မျက်လှည့်ပြနေသလိုပုံစံမျိုးနဲ့ ကြည့်နေကြတယ်။ သူကတော့ စက္ကူအိတ်ထဲက ဥတွေကို ထုတ်နေတုန်းပဲ။ မျက်တောင်တစ်ခတ်အတွင်း စားပွဲပေါ်မှာ ပြုတ်ပြီးသားဥဝင်းဝင်းလေး ခုနစ်လုံးရောက်နေပြီဖြစ်တယ်။

အားလုံးက အလွန်ရိုးရှင်းပြီး လှည့်ကွက်တွေထုတ်သုံးထားတာမရှိ ရိုးရိုးစင်းစင်းသာဖြစ်တယ်!

စက္ကူအိတ်ထဲက ရှိသမျှ ပြောင်စင်သွားအောင် လင်ရှန်းထုတ်နေတယ်။ မော့ကျူးချန်မျက်လုံးတွေကတော့ အေးစက်သထက် အေးစက်လာတယ်။

သူ့နှုတ်ခမ်းထောင့်စွန်းတွေ စတင်ကွေးညွတ်လာပြီး အပြုံးမဟုတ်တဲ့အပြုံးတစ်ခုပေါ်လာကာ ကျောပိုးအိတ်ထဲ ထပ်နှိုက်နေပြန်တဲ့ လင်ရှန်းကို ကြည့်နေလိုက်တယ်။ အထဲက ပန်းသီးတစ်လုံးထုတ်ပြီး သူ့စားပွဲပေါ်လာတင်ပေးတယ်။

"ရော့" သူ အမူအယာပြလိုက်တယ် "မင်းအတွက် ပန်းသီးတစ်လုံးပါဝယ်လာတာ"

မော့ကျူးချန် "..."

သူ ဒေါသတကြီး ရယ်မိလုနီးပါးဖြစ်သွားတယ်!

"မနက်စာ စားပြီးကြပြီလား?" လင်ရှန်း ခေါင်းလှည့်ကာ တောက်ရန်နဲ့ ရှုချန်းတို့ကို တရင်းတနှီးမေးလိုက်တယ်။

ဒီနှစ်ယောက်က မော့ကျူးချန်ရဲ့သူငယ်ချင်းတွေဆိုတာ သူသိတယ် "မင်းတို့ မစားရသေးရင် အတူတူစားကြမလား? ငါ အများကြီးယူလာတယ်လေ"

"မဟုတ်တာ မဟုတ်တာ" တောက်ရန်က လက်ကို ထပ်တလဲလဲခါယမ်းပြနေကာ တချိန်လုံး တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း လွတ်မြောက်ဖို့ ကြိုးစားနေမိတယ်။ တောက်ရန် လင်ရှန်းကို ခပ်တောက်တောက်မျက်လုံးတွေနဲ့ကြည့်ပြီးနောက် စားပွဲပေါ်က ဥခုနစ်လုံးကို ကြည့်လိုက်ပြန်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now