အပိုင်း - ၃၃

5.8K 1.3K 37
                                    

{Zawgyi}

လင်ရှန်း သူ့အစ်ကိုကြီးကို မတွေ့ဖြစ်တာ ရက်ပေါင်းများစွာရှိနေပြီဖြစ်တယ်။ ဒီအတောအတွင်း ပုံမှန်အားဖြင့် သူ့ကိုယ်သူ စာလေ့လာတဲ့ဆီမှာပဲ မြှုပ်နှံခဲ့တယ်။ နေ့တိုင်းကျောင်းသွားရတာကလွဲလို့ ပုစ္ဆာတွေကိုသာ ပြန်နွှေးနေတာဖြစ်တယ်။

တစ်ခါတစ်ရံ မော့ကျူးချန်ရဲ့အိမ်နဲ့ ကျန်တဲ့အချိန်တွေဆို ကျောင်းမှာ ရှိနေတတ်တယ်။

လင်ယွမ်ကလည်း အလုပ်ရှုပ်နေပုံပေါ်တယ်။ အနည်းဆုံးတော့ ဒီတစ်ပတ်မှာတင် သူအိမ်ပြန်မလာတာ မှန်းခြေအရ သုံးရက်လောက်ရှိပြီဆိုတာတော့ လင်ရှန်းသတိထားမိတယ်။

အဲ့တော့... မိသားစုနေ့လေး? သူ့အတွေးတွေကို ဒီစကားလုံးသုံးလုံးက လုံးဝဆွဲဆောင်သွားခဲ့တယ်။

ဖုန်းထဲကနေ ချူရုန်ကတော့ တက်တက်ကြွကြွနဲ့ ပြောနေဆဲဖြစ်ပေမယ့် လင်ရှန်းရဲ့အတွေးတွေကတော့ အဝေးတစ်နေရာကို ပျံသန်းနေတယ်။

လင်ယွမ်... ထပ်ပေါင်းပြောရရင် သူ အဖေဖြစ်သူကိုလည်း မမြင်ရသေးဘူး။

ဟုတ်တယ်!

လင်ရှန်း စာအုပ်ထဲအထည့်ခံရလို့ ရောက်လာတည်းက​နေ အခုချိန်ထိ စာအုပ်ထဲက မူလပိုင်ရှင်ရဲ့အဖေနဲ့ မတွေ့ရသေးဘူး။ လင်မျိုးနွယ်အုပ်စုရဲ့ ဥက္ကဌလင်ရှုရှင်းလို့ပဲ သိထားသေးတာ။

အရပ်ရှည်တယ်၊ ချမ်းသာပြီး ကြည့်ကောင်းတဲ့ ကြင်အင်လက္ခဏာရှိတယ်။ နောက်ပြီး ထပ်ပေါင်းပြောရမယ်ဆိုရင် သူတို့အမေချူရုန်နဲ့ဆိုရင် လောကကြီးကိုတောင် တုန်လှုပ်သွားစေခဲ့တဲ့ နတ်သမီးအချစ်ပုံပြင်လေးတစ်ပုဒ် ဖြစ်ခဲ့သေးတယ်။

နတ်သမီးအချစ်ပုံပြင်ဆိုတာကလွဲရင် လင်ရှုရှင်းနဲ့ လင်ရှန်းရဲ့မူလကမ္ဘာကအဖေက တော်တော်လေးဆင်တူကြတယ်။ နှစ်ဦးစလုံးက မိသားစုကုမ္ပဏီကို ဦးဆောင်နေကြသူတွေဖြစ်တယ်။ နှစ်ဦးစလုံးက အာဏာရှိပြီး ဥပဓိရုပ်ကောင်းတဲ့ သက်လတ်ပိုင်းအမျိုးသားတွေဖြစ်တယ်။

ချက်ချင်းဆိုသလို လင်ရှန်း အနည်းငယ်စိတ်လှုပ်ရှားလာတယ်။ တကယ်တော့ ထိုကဲ့သို့သောလူမျိုးတွေနဲ့ အတူနေထိုင်ရမှာကို လင်ရှန်း ကြောက်မိတယ်။ သူ့ရဲ့တကယ့်ကမ္ဘာက အဖေက သူ့ကို ဘယ်အချိန်ပဲကြည့်ကြည့် အမြဲတမ်း အေးစက်ကာ ခပ်တန်းတန်းအမူအယာမျိုးသာ ရှိတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now