အပိုင်း - ၅၄

3.5K 843 22
                                    


{Zawgyi}

မနက်စောစော လျှောက်လမ်းဘက်ကထွက်ပေါ်လာတဲ့ သူစိမ်းကျောင်းသူတစ်ယောက်ရဲ့အသံက လေထုကို ဒွိဟဖြစ်လာစေတယ်။

လင်ရှန်းအာရုံက သူ့ဆီ တန်းခနဲရောက်သွားတယ်။

လှေကားအောက်က ကျောင်းသားတွေကတော့ သူတို့ ဆွေးနွေးနေကြတဲ့လူက သူတို့ခေါင်းအထက် မီတာအနည်းငယ်သာ ကွာဝေးတယ်ဆိုတာကို သိကြပုံမပေါ်ဘူး။

နောက်တစ်ယောက်အသံထွက်ပေါ်လာတယ် "ဟုတ်တာပေါ့ ငါတွေ့လိုက်တယ်! ငါ မနက်စာစားနေတုန်း တွေ့လိုက်တာ၊ ပဲနို့တွေတောင် စားပွဲပေါ်ဖိတ်ကုန်တယ်... အဲ့ အိုးရန်ယင်းယီက ရူးနေတာလား?! ပြီးတော့လည်း သွေးစာအုပ်တဲ့... ဟာသပဲ!"

"ဟုတ်ပါ့!" အရင်ပြောခဲ့သူ ဘာမှပြန်မပြောသေးခင် တတိယလူရဲ့အသံ ထွက်လာတယ် "အဲ့တာက အမှန်ဖြစ်နေတော့ရော?! ဒါကို ဘယ်ဆရာကမှ မပြောကြပေမယ့် နင်တို့တွေ အင်တာနက်ပေါ်မှာ ရှာလို့ရတာပဲလေ၊ ရှင်းဆန်းကျောင်းက သခင်လေးမော့မိသားစုရဲ့အပိုင်ပဲလေ၊ အမှန်တိုင်းပြောရရင် သူက အမှတ်မြင့်မြင့်လိုချင်တယ်ဆို နောက်ဆုံးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဟုတ်သရွေ့ သူလည်း ဘယ်အချိန်မဆို အမှတ်ပြည့်ယူလို့ရနေတာပဲလေ မဟုတ်ဘူးလား?"

"ပြောရမယ်ဆို အဲ့တာလည်းဟုတ်တယ်လေ၊ ဒါပေမယ့်..." စစချင်းမှာ ပြောခဲ့တဲ့လူက ထပ်ပြောလာတယ် "အိုးရန်ယင်းယီလည်း ဒါကို သိမှာပဲ၊ သူ့မှာ သက်သေမရှိဘူးဆိုရင် ဒီ postကို ဘယ်လိုလုပ် တင်ရဲမှာလဲ?"

"ဒါပေမယ့် အိုးရန်ယင်းယီက လက်ရွေးစင်တန်းက ကျောင်းသားတစ်ယောက် မဟုတ်ဘူးလား? သခင်လေးမော့က Fတန်းကလေဟယ်! လက်ရွေးစင်အတန်းနဲ့ Fတန်းက အထပ်ချင်းမှ မတူတာ၊ သူက အကြားအမြင်တွေဘာတွေ ရနေလို့လား? ဒီလောက်အဝေးကြီးမှာရှိတဲ့ တစ်စုံတစ်ယောက်က မသာမာတဲ့နည်းလမ်းသုံးတယ်ဆိုပြီး သိနေရအောင်!"

"ဒါပေမယ့်..."

အခြေတင်ပြောနေကြတဲ့ ကျောင်းသူသုံးယောက်ရဲ့အသံတွေက တဖြည်းဖြည်းတိုးဖျော့သွားတော့တယ်။

သူတို့တွေက တတိယထပ်မှာရှိတဲ့အတန်းတစ်ခုက ကျောင်းသားတွေဖြစ်လောက်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now