အပိုင်း - ၃၂

6.1K 1.3K 86
                                    

{Zawgyi}

မော့ကျူးချန်က ဆုံးမသလိုပြောဆိုလို့အပြီးမှာ လင်ရှန်းကို သာမန်ကာလျှံကာ တစ်ချက်လှမ်းကြည့်လိုက်တယ်။

လင်ရှန်း "..."

ထို့နောက် သူ့မျက်လုံးတွေကို အနည်းငယ်မှေးကျဉ်းကာ မထုံတတ်တေးပုံမျိုးနဲ့ ထိုကျောင်းသားလေးကို ဂုဏ်ဆာစွာ ကြည့်လိုက်ပြန်တယ်။

ကျောင်းသားလေးရဲ့အမူအယာကလည်း တောင့်ခဲနေပြီး ထခုန်တော့မလိုတောင်ဖြစ်သွားတယ် "မင်းကများ ငါ့ကိုလှည့်စားဖို့ ကြိုးစာနေသေးတယ်! မင်းက ဘယ်လိုလုပ် မော့ကျူးချန် ဖြစ်နိုင်မှာလဲ?!"

သူ မော့ကျူးချန်ကို အထက်အောက် စုန်ဆန်ကြည့်လိုက်တယ်။ ကျောင်းဝတ်စုံနဲ့ ရှပ်အကျီကို အတိအကျဝတ်ဆင်ထားတယ်။ သူ့ရှေ့မှာ ဖြန့်ထားတာက လေ့ကျင့်ခန်းပေါင်းချုပ်။ အရပ်ရှည်ပြီး အလွန်အကျွံ ကြည့်ကောင်းတယ်ဆိုပေမယ့်လည်း ဘယ်လိုပဲကြည့်ကြည့် သူက ဒဏ္ဍာရီလာမော့ကျူးချန်နဲ့တော့ အကွာကြီးပဲ။

"လူလိမ်!" ကောင်လေးက သူတို့ကို အော်လိုက်တယ် "မင်းက မော့ကျူးချန် မဖြစ်နိုင်ဘူး!"

"ကလေးဆန်လိုက်တာ!" မော့ကျူးချန်က သူ့ကို စိတ်မဝင်စားဟန် ကြည့်နေလိုက်တယ်။

တွန်းအားနဲ့ပက်သက်ရင် သဘာဝကျစွာနဲ့ပဲ သူ ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ဖက်လူကို ကြည့်နေတဲ့အကြည့်က လွှမ်းမိုးနိုင်စွမ်းရှိပြီး အေးစက်ကာ ဆွပေးနေသလိုပဲ။ ထို့နောက် သူခေါင်းငုံ့ချကာ သူ့ရှေ့မှာရှိနေတဲ့ ပုစ္ဆာတွေကို ပြန်ကြည့်နေတော့တယ်။

"မင်းလိုမျိုး ကလေးကလားနဲ့ အချိန်ဖြုန်းမယ့်အစား မေးခွန်းနှစ်ပုဒ်လောက် ထပ်ရွတ်တာကမှ ပိုကောင်းသေးတယ်" သူ သာမန်ကာလျှံကာ ပြောလိုက်တယ်။ ထိုအမူအယာကြောင့် လင်ရှန်းတောင် ငေးငိုင်ကျသွားရတယ်။

ဒီလိုမျိုး မော့ကျူးချန်ရဲ့ပုံစံကြီးက... ကြည့်ရတာ တကယ်ကိုပဲ... အမှန်တကယ်ကို ဟန်ဆောင်ပန်ဆောင်လုပ်နိုင်စွမ်းရှိပါလား!

'pop'ဆိုတဲ့ အသံနဲ့အတူ ကျောင်းသားလေးက သူတို့နားကို လျှောက်လာတယ်။ သူ့လက်ကို ဆန့်ထုတ်ပြီး လင်ရှန်းရှေ့က နမူနာပုစ္ဆာတွေပေါ်ကို အားနဲ့ဖိထားလိုက်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now