အပိုင်း - ၆၈

1.5K 223 13
                                    


{Zawgyi}

ပိတ်ရက်ဖြစ်နေတာကြောင့် ပန်းခြံထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေမှာ တချိန်လုံး လူတန်းရှည်ကြီးတွေ ရှိနေတတ်တယ်။

လင်ရှန်းခမျာ မော့ကျူးချန်ရဲ့ တရွတ်ဆွဲခေါ်ခံနေရပြီး အဝေးကြီးလျှောက်လာခဲ့ရတာကြောင့် သူ့မျက်နှာကလည်း နီရဲနေပြီဖြစ်တယ်။

သူတို့နှစ်ယောက်လုံးက ဦးထုပ်တွေ ဝတ်ထားပြီး သူတို့ဦးထုပ်တွေကလည်း သာမန်ဆန်လှတယ်။

Sမြို့တော်ကလည်း သိပ်ကိုကြီးမားတာကြောင့် ဒီလိုမျိုးလျှောက်သွားနေရင်တောင် ကိုယ်နဲ့သိတဲ့လူနဲ့ ဆုံဖို့ ခက်ခဲတယ်။

ရေခဲမုန့်ကားလေးကို ဖြတ်လာကြတဲ့အချိန်မှာ မော့ကျူးချန်က ခေါင်းလှည့်ပြီးမေးလာတယ် "မင်း စားအုံးမလား?"

"အင်း အင်း" လင်ရှန်းတစ်ယောက် မလုံမလဲနဲ့ ဘေးဘီကိုလိုက်ကြည့်နေတယ်။

သူ မော့ကျူးချန်ရဲ့အကြည့်ကို လုံးဝဆုံအောင် မကြည့်နိုင်ဘူး "ငါ ဝယ်လိုက်မယ်"

သူ ပြောရင်းနဲ့ သဘာဝကျစွာ လက်ကို ဆွဲယူလိုက်တယ်။

မော့ကျူးချန် နှုတ်ခမ်းတွေ ကွေးညွတ်သွားရတယ်။ လင်ရှန်းလည်း ရေခဲမုန့်နှစ်ခုနဲ့ လျင်မြန်စွာ ပြန်ရောက်လာပြီး သူ့ကိုတစ်ခု ပေးလာတယ်။

ထို့နောက် သူက စိတ်သက်သာရာရသွားသလို သက်ပြင်းချလာပြီး မြန်ဆန်တဲ့ခြေလှမ်းတွေနဲ့ ရှေ့ကိုလျှောက်သွားတယ် "ရှေ့မှာ တန်းကအရှည်ကြီးပဲ၊ မြန်မြန်သွားပြီး တန်းစီကြမယ်"

မော့ကျူးချန်က လက်တွဲဖို့ထပ်ပြောလာမှာစိုးတာကြောင့် ရေခဲမုန့်ကို ကိုင်ထားရင်း တစ်လျှောက်လုံး ခပ်သော့သော့ပြေးကာ လူတန်းရဲ့အဆုံးနားကိုသွားကာ တန်းစီနေလိုက်တယ်။

မော့ကျူးချန်ကတော့ အလျင်စလိုမနိုင်ဘူး။ သူက ပုခုံးတစ်ဖက်ပေါ် အိတ်ကိုဆွဲတင်လိုက်ပြီး နောက်တစ်ဖက်က ရေခဲမုန့်ကို ကိုင်ထားတယ်။ စားနေရင်းနဲ့ပဲ လင်ရှန်းဆီ ဖြေးဖြေးချင်းလျှောက်သွားကာ နောက်ဆုံးတော့ သူ့နားမှာ လာရပ်တော့တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now