အပိုင်း - ၁၄

9.7K 2K 90
                                    

{Zawgyi}

အခုချိန်က နေ့လည်စာနားချိန်ဖြစ်ပေမယ့် အတန်းFထဲမှာ ကျောင်းသားတော်တော်များများရှိနေသေးတယ်။ ဒီနေ့ ရှင်းဆန်းအထက်တန်းကျောင်းဖိုရမ်တစ်ခုလုံးမှာ ပွက်လောတွေရိုက်နေတယ်။ ဒါပေါ့ လင်ရှန်းရဲ့အတန်းဖော်တွေလည်း တွေ့မိကြတယ်။ တကယ်တော့ ဖိုရမ်ပေါ်က ဓာတ်ပုံတွေအားလုံးက သူတို့တွေဖြန့်လိုက်တာတွေပဲဖြစ်တယ်။ တစ်စုံတစ်ယောက်ရဲ့ အတင်းအဖျင်းကိုပြောရတော့မယ်ဆိုရင် ဒီကျောင်းသားတွေက စည်းလုံးသွားကြတယ်လေ။

ဒါပေမယ့် ပစ်မှတ်က မော့ကျူးချန်ဖြစ်နေတယ်။ သူတို့မော့ကျူးချန်ကို ရန်မစရဲသလို ကျောင်းမြက်ကလေးရဲ့ကိုယ်ရေးကိုယ်တာကိုလည်း သွားမထိရဲဘူး။ ဖိုရမ်ပေါ်မှာ အမည်မသိနာမည်နဲ့ တင်လိုက်ရင်တော့ အိုကေပေမယ့် လင်ရှန်းနားကတော့ ကွေ့ပတ်သွားမှဖြစ်မယ်။ __ သူ(လင်ရှန်း)က ‘ရေခဲတုံးနတ်ဆိုး’ဆီကိုသွားပြီး pillow talkပြောနေရင် ဘယ်လိုလုပ်မလဲ! [ T/N : လင်မယားနှစ်ယောက် အိပ်ရာပေါ်ရောက်မှ ဟိုအကြောင်း ဒီအကြောင်းပြော တိုင်စရာရှိတာတိုင် အဲ့တာမျိုးကို pillow talkလို့ပြောတာပါ ]

မော့ကျူးချန်က တစ်မနက်ခင်းလုံး တခြားရောက်နေတာ။ နောက်ဆုံး ပြန်ရောက်လာတော့လည်း ပါးစပ်ဟပြီးပြောလိုက်တာက ‘ငါ့လူ’တဲ့လေ… Fတန်းက ကျောင်းသားတွေ လင်ရှန်းနဲ့ မော့ကျူးချန်ကို ကြည့်နေမိတယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်ဟ!

လင်ရှန်း “…”

“ဘာပေါက်ကရတွေ လာပြောနေတာလဲ?!” သူ့အစား လင်ချီက ဒေါသထွက်နေတဲ့ခြင်္သေ့လေးတစ်ကောင်လို မော့ကျူးချန်ကို မာန်ဖီတော့တယ် “ငါ့အစ်ကိုက မင်းနဲ့ ဘာမှမဆိုင်ဘူး!”

“ဟမ့်_” မော့ကျူးချန် လှောင်လိုက်တယ် “အဲ့တာဆို ငါမေးပါအုံးမယ်၊ မနေ့ညတုန်းက ကျောင်းကပြန်ပြီး သူ ငါ့အိမ်မလိုက်လာဘူးလား?”

လင်ချီ “…” “သူ မင်းအိမ်ကိုသွားတယ်ဆိုတာက မင်းအတွက် သီးသန့်လေ့ကျင့်ခန်းတွေလုပ်ပေးဖို့လေ!” သူခပ်ကျယ်ကျယ်လေးပြောလိုက်တယ်။

“ဟက်! ဟက်!” မော့ကျူးချန် သူ့ကိုပြုံးပြီး ကြည့်နေတယ်။

Fတန်းက ကျောင်းသားတွေကလည်း ‘ဟက်ဟက်’လို့ ပြောချင်နေကြတယ်။ သီးသန့်လေ့ကျင့်ခန်း? လာနောက်နေတာလား?!

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now