အပိုင်း - ၄၃

4.5K 1K 46
                                    

{Zawgyi}

မော့ကျူးချန်ဖုန်းဆီက ရုတ်တရက် ဖုန်းဝင်လာခဲ့တယ်။

သူက လင်ရှန်းကို ဘာမှန်းမသိတဲ့ရည်ရွယ်ချက်နဲ့ မီးသင်းသကြားကွတ်ကီးကို ကျောင်းယူလာဖို့ ပြောတယ်။

အတွေးတွေပြည့်နေတဲ့လင်ရှန်းတစ်ယောက် ထိုည အိပ်လို့မရဖြစ်ခဲ့ရတယ်။ ကောင်းကင်ကြီးလင်းမလာခင်လောက်မှသာ မှေးခနဲအိပ်ပျော်ခဲ့တယ်။

တစ်နာရီလောက်တောင်မကြာလိုက်ဘဲ အချိန်ပေးထားတဲ့နှိုးစက်ကြောင့် နိုးခဲ့ရပြန်တယ်။ ဒီနေ့က ကျောင်းသွားရမယ့် တနင်္လာနေ့။

အဖြူရောင်မြူနှင်းတို့ ဝေနေရသလိုမျိုး သူ့ခေါင်းကြီးလေးလံနေတာကိုသာ လင်ရှန်းခံစားနေရတယ်။

မျက်နှာသစ်နေတုန်း မှန်ထဲက ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်။ သူ့မျက်နှာက အနည်းငယ်ဖြူလျော်နေပြီး မျက်လုံးအောက်မှာ သိသာတဲ့အနက်ရောင်အကွင်းကြီးနှစ်ခု ရှိနေတယ်။

ညလုံးပေါက် ဟိုလှိမ့်ဒီလှိမ့်လုပ်နေခဲ့တာကြောင့် သူ့ဆံပင်တွေကလည်း ဖရိုဖရဲတွေဖြစ်နေတယ်။ ကိုယ့်ဟာကိုယ် ဘာလို့ ဒီလိုအဖြစ်ခံနေတာလဲ?

လင်ရှန်း တွေဝေမိန်းမောနေတော့တယ်။

တစ်နာရီလောက်ပဲ မှေးလိုက်ရပေမယ့် အိမ်မက်တွေ အများကြီးမက်ခဲ့ရသလိုပဲ။ ရှုပ်ထွေးတဲ့ အိမ်မက်တွေထဲမှာ ယန်ရှို့နဲ့ လင်ယွမ်ရဲ့အရိပ်တွေ လျှပ်တပြက်ပေါ်လာခဲ့သေးတယ်။

အဆုံးမှာတော့ မော့ကျူးချန်က သူ့ကို နံရံမှာ တွန်းကပ်ခဲ့တယ်။ သူ့ကို ငုံ့ကြည့်ပြီးနောက် ခပ်ညစ်ညစ်အပြုံးတစ်ပွင့် ပြသလာတယ်။

သူ ပြောခဲ့တာက : "ရှန်းရှန်း ငါမင်းရဲ့ နှုတ်ခမ်းလေးကို စားလိုက်ချင်..."

အဲ့နောက် နှိုးစက်မြည်ခဲ့တယ်။

လင်ရှန်း ခေါင်းယမ်းပြီးတော့သာ သူ့စိတ်ထဲက ဒီလိုထိတ်လန့်စရာ အိမ်မက်ကို မောင်းထုတ်ပစ်လိုက်တယ်။

သူ့ကျောပိုးအိတ်ကိုယူပြီး မနက်စာစားဖို့ အောက်ထပ်ဆင်းလာချိန် ထမင်းစားခန်းထဲမှာ လူလေးယောက်တောင် ထိုင်နေကြပြီဖြစ်တယ်။ သူ့အဖေ လင်ရှုရှင်း၊ အမေ ချူရုန်၊ အစ်ကိုကြီး လင်ယွမ်၊ ညီငယ်လေး လင်ချီ...

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Onde as histórias ganham vida. Descobre agora