အပိုင်း - ၁၁

10K 2K 24
                                    


{Zawgyi}

ညစာစားတဲ့တစ်လျှောက်လုံး လင်ရှန်း အသိစိတ်ကပ်မနေဘူး။

ညစာစားတယ်၊ စားပြီးတော့ အသီးအနှံတွေနဲ့။ အဲ့နောက် မိသားစုတွေ ဧည့်ခန်းထဲမှာ စုဝေးပြီး ချူးရုန်နဲ့ ရိုးရှင်းပြီးရယ်စရာကောင်းတဲ့ ရသစုံshowကိုကြည့်ကြတယ်။ သူတို့အမေ ချူးရုန်က အမှန်တကယ်ကို လှပကာ တော်ဝင်ဆန်တဲ့စိတ်နေစိတ်ထား ဟန်ပန်လေးနဲ့ ချစ်စဖွယ်အမျိုးသမီးဖြစ်တယ်။ ဘာအနှစ်သာရမှ မရှိတဲ့ ရသစုံshowပွဲကို နှစ်နာရီလောက် ထိုင်ကြည့်နေနိုင်တယ်။ ဒီအချိန်အတောအတွင်း ဘာမှ မဟုတ်တာကိုတောင်မှ သူမက ထပ်ခါတလဲလဲ ရယ်မောနေခဲ့တယ်။

အဲ့တာတင်မဟုတ်ဘူး လင်ချီတောင် ဘေးမှာထိုင်ပြီး ဟာသတွေလုပ်နေတယ်။ လင်ယွမ်ရောပဲ။ သိပ္ပံနဲ့ နည်းပညာပိုင်းမှာ ထင်ပေါ်ကျော်ကြားသူက ချူးရုန်နဲ့အတူ ရသစုံshowတစ်ခုကြည့်နေပြီး သူ့ကိုနှိမ်ချနေတယ်လို့တောင် ခံစားမနေဘူး။

အဲ့အစား လင်ရှန်းတစ်ယောက်တည်းပဲ။ ဒီညတစ်လျှောက်လုံး အစကနေ အဆုံးထိ အိမ်မက်မက်နေတယ်လို့သာ ထင်နေမိတယ်။ တကယ့်ခံစားချက်ကို မရှာဖွေနိုင်ဘူး။ နောက်မှ သူနည်းနည်းတောင် ကြက်သေသေနေမိတယ်။ လင်ယွမ်၊ ချူးရုန်နဲ့ လင်ချီတို့က သူ့ကိုဆက်တိုက် စကားတွေ ပြောနေခဲ့တယ်။ သူတို့တွေကို သူလျစ်လျူရှုထားလို့မဖြစ်ဘူး။

သူတို့ကို သူလည်းပုံမှန်အတိုင်းတော့ ပြန်ပြောလိုက်တယ်။ ဒါပေမယ့် လင်ရှန်း သူဘာတွေပြောခဲ့လဲဆိုတာ မမှတ်မိတော့ဘူး။

သူ့စိတ်ထဲမှာ စိုးရိမ်တဲ့ခံစားချက်ဖျော့ဖျော့လေးရနေတယ်။ သူ့ရှေ့မှာရှိတဲ့အရာအားလုံးက အလွန်လှပနေတယ်။ လှပပြီး နွေးထွေးလွန်းတာကြောင့် သူအိပ်ပျော်ပြီး အိမ်မက်ထဲရောက်နေတယ်လို့တောင် ထင်မိတယ်။ သူပြန်နိုးလာချိန်မှာ ဒါတွေအားလုံးက ဘာမှမဟုတ်တော့ဘဲ ပုံရိပ်ယောင်တွေပဲဖြစ်နေလိမ့်မယ်။

အဲ့တာကြောင့် ရေချိုးပြီး အိပ်ရာပေါ်လှဲချလိုက်တာတောင် လင်ရှန်း ချက်ချင်း မအိပ်လိုက်နိုင်ဘူး။ သူ့မျက်လုံးတွေကို ပြူးကျယ်နေအောင်ဖွင့်ထားပြီး တတိယထပ်မှာရှိတဲ့ သူ့အိပ်ခန်းထဲမှာ လှဲနေလိုက်တယ်။ မီးတွေကိုတော့ ပိတ်ထားလိုက်ပြီး ညရဲ့အလင်းရောင်ဖျော့ဖျော့နဲ့ပဲ မျက်နှာကြက်ကို လင်ရှန်းကြည့်ကာ ဒီအခန်းက ရင်းနှီးသင့်ပေမယ့် သူစိမ်းဆန်လှတယ်လို့ ခံစားမိတယ်။ သူ့မျက်လုံးတွေကိုတောင် မပိတ်လိုက်ရဲဘူး။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Wo Geschichten leben. Entdecke jetzt