အပိုင်း - ၅၇

3.6K 887 24
                                    

{Zawgyi}

လုမြောင်မြောင်နဲ့ အိုးရန်ယင်းယီတို့လည်း တစ်ပြိုင်နက်တည်းဆိုသလို မျက်လုံးတွေပြူးကျယ်သွားပြီး ထိုလူ့ကို မယုံကြည်နိုင်စွာ ကြည့်မိလိုက်ကြတယ်။

တစ်ဖက်လူက အနက်ရောင်ကုတ်အကျီရှည်ကို ဝတ်ဆင်ကာ မတ်တပ်ရပ်နေတယ်။

ကြည့်ရတာ အတော်လေးငယ်သေးပြီး ကုတ်အကျီရှည်ရဲ့အောက်မှာ မီးခိုးရင့်ရောင် လည်ပင်းခေါက်ဆွယ်တာကို ဝတ်ဆင်ထားတယ်။

သူက အေးတိအေးစက် အထက်တန်းလွှာ ရုံးဝန်ထမ်းနဲ့ မတူဘဲ ရည်မွန်ကာ အန္တရာယ်မရှိပုံပေါ်တယ်။

_ သူ့ရဲ့ ဆွဲမက်ဖွယ်ကောင်းသော်ငြား အမြဲတစေ အေးစက်နေတဲ့ မျက်လုံးတွေကို လျစ်လျူရှုလိုက်မယ်ဆိုရင်ပေါ့။

"ရှင်က..." လုမြောင်မြောင်က ရုတ်တရက် တုံ့ပြန်လာပြီး အံ့ဩမှုကြောင့် ပင့်သက်ရှိုက်မိသွားတယ်။

သူ့ရဲ့တည်ငြိမ်တဲ့အမူအယာမှာ နောက်ဆုံးတော့ အက်ကြောင်းပေါ်လာပြီး မျက်လုံးတွေထဲက အံ့အားသင့်မှုကလည်း များသထက်များလာတယ်။

လူအစစ်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေမယ့် ကျောင်းရဲ့မော်ကွန်းတွေထဲမှာ ဒီလူဟာ ဘွဲ့ရသွားတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပေမယ့် နှောင်းပိုင်းကျောင်းသားတွေအတွက် ဒဏ္ဍာရီလာစီနီယာတစ်ယောက်အဖြစ် လက်ဆင့်ကမ်းနေဆဲဖြစ်ကြောင်း သူ မြင်ဖူးတယ်။

"လင်... စီနီယာလင်ယွမ်..." အိုးရန်ယင်းယီက ဒီလူကဘယ်သူဘယ်ဝါဆိုတာကို အရှင်းသား သတိပြုမိလိုက်တယ်။

သူ့နှုတ်ခမ်းတွေက သဘာဝမကျစွာ တုန်ရီနေပြီး မျက်လုံးတွေကလည်း ကျွတ်ကျတော့မတတ်ပင်။

Fတန်းက လင်ရှန်းဆိုတာ ဒဏ္ဍာရီလာထူးချွန်စီနီယာလင်ယွမ်ရဲ့ ညီငယ်လေးဆိုတာ သူတို့အားလုံးသိထားတယ်။

ဒါပေမယ့် လင်ယွမ်က ဘွဲရသွားတာ နှစ်တွေလည်းကြာလှပြီဖြစ်တာကြောင့် ဘွဲ့ရပြီးနောက်ပိုင်းတည်းက ကျောင်းကိုပြန်လာတယ်ဆိုတာ ခဲယဉ်းတယ်။

သားအလတ် လင်ရှန်း ကျောင်းရောက်လာတော့လည်း တကယ့်ကို ခပ်ဆိုးဆိုးလေးဖြစ်နေခဲ့တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now