အပိုင်း - ၆၉

1.7K 233 12
                                    



{Zawgyi}


"မင်း ဘာပဲဖြစ်... ဘာဖြစ်တယ်?!"

ရုတ်တရက် မော့ကျူးချန် ခေါင်းလှည့်ကာ လင်ရှန်းကို မယုံကြည်နိုင်စွာနဲ့ ကြည့်လာတယ်။

"မင်း ဘာပြောလိုက်တယ်?" သူ့လက်ကို ကျစ်နေအောင်ဆုပ်ထားပြီး လည်ချောင်းကလည်း ခြောက်သွေ့တင်းကျပ်လာတယ်။

သူ ကြားလိုက်ရတာက ဟုတ်ရောဟုတ်ရဲ့လား?

ခုလေးတင် လင်ရှန်းက သူ့ကိုငြင်းမယ်ဆိုရင် ထိုးမှာလားလို့ မေးခဲ့သေးတယ်လေ။

"ငါပြောတာက..." လင်ရှန်း ကနဦးစကားလမ်းကြောင်းဆီပြန်သွားလိုက်တယ်။ သူ့ရဲ့ပါးတွေတင်မကဘူး နားရွက်တွေကပါ နီရဲတက်လာတယ်။

သူ မော့ကျူးချန်ရဲ့မျက်လုံးတွေကို မကြည့်ရဲပေမယ့် အသံတိုးတိုးနဲ့ ထပ်ပြောလိုက်တယ် "ငါမင်းကို စိတ်ချလိုက်ပြီလို့"

မော့ကျူးချန် "..."

အဲ့တော့ သူ အရူးလုပ်ခံလိုက်ရတာလား? လင်ရှန်း တအားပျော်နေတယ်ပေါ့လေ?

"ဒါပေမယ့်..." လင်ရှန်းတစ်ယောက် ခေါင်းကုတ်ကာ မအီမသာနဲ့ ဆက်ပြောတယ် "ငါ အရင်တုန်းက ဘယ်သူနဲ့မှ မတွဲဖူးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး"

"အိုး" မော့ကျူးချန် ခြောက်တိခြောက်ကပ် ပြန်ပြောလာတယ် "ရပါတယ်"

သူက အသက်ကိုပြင်းပြင်းရှုကာ အရမ်းကိုမြန်ဆန်စွာ ခုန်ပေါက်နေတဲ့ သူ့နှလုံးသားကို တည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားနေတယ်။ နောက်ပြီး စိတ်လှုပ်ရှားနေသလို လေသံမျိုးနဲ့ "ငါ မင်းကို သင်ပေးမယ်"

လင်ရှန်း "..."

သူလည်း အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းကာ ခေါင်းလှည့်ပြီး မော့ကျူးချန်ကို ကြည့်လိုက်တယ်။ သူတို့အနောက်မှာ နတ်သမီးပုံပြင်ကမ္ဘာလေးတစ်ခုလိုမျိုး ပန်းခြံတစ်ခုရှိတယ်။

ညမီးရောင်တွေကိုလည်း ထွန်းထားပြီးနေပြီဖြစ်တယ်။ မြူးကြွတဲ့သီချင်းသံနဲ့ လူတွေရဲ့ ရယ်မောသံတွေက သိပ်မဝေးလှတဲ့နေရာက​နေ ထွက်ပေါ်နေတယ်။

ပတ်ပတ်လည်မှာရှိတဲ့ လမ်းမီးအလင်းရောင်တွေက မော့ကျူးချန်ရဲ့မျက်လုံးထဲမှာတော့ ပိုပြီးတော့တောင် တောက်ပနေပုံပေါ်တယ်။ စိတ်ထဲမှာလည်း မရေမတွက်နိုင်တဲ့အတွေးတွေက လျှင်မြန်စွာ ဖြတ်သန်း​နေပေမယ့် ခဏကြာတဲ့အထိတောင် ဘာဆိုဘာမှ မဆုပ်ကိုင်မိဖြစ်နေရတယ်။

You've reached the end of published parts.

⏰ Last updated: Jan 27 ⏰

Add this story to your Library to get notified about new parts!

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now