အပိုင်း - ၃၆.၁

5K 1.1K 18
                                    


{Zawgyi}

"Oh__" လင်ရှန်းပြောလို့ပြီးတယ်ဆိုရင်ပဲ တောက်ရန်က ပြောင်စပ်စပ်စလုပ်တော့တယ်။

သူက ဘေးမှာထိုင်နေတဲ့ မော့ကျူးချန်ကို တံတောင်နဲ့တွတ်ကာ "ခုနကလေးတင်တဲ့၊ ရေပူစမ်းကန်ထဲမှာတဲ့..."

ရှုချန်းကလည်း လင်ရှန်းကို စူးနစ်နေအောင်ကြည့်ပြီး ခပ်ဟဟရယ်တော့တယ်။ သူက ဒီလူသုံးယောက်ထဲမှာ လင်ရှန်း အရင်းနှီးဆုံးလူစားမျိုးဖြစ်တယ်။ စာကြိုးစားတယ်၊ အတော်လေး အလေးအနက်ထားတတ်တဲ့ပုံပေါ်ပြီး အစီအစဉ်တကျရှိတဲ့ လူမျိုးဖြစ်တယ်။

ထို့နောက် ရှုချန်းက သူ့ပိုက်ဆံအိတ်ကိုတောင် ဆွဲထုတ်နေပြီဆိုတာ တွေ့လိုက်ရတယ်။ အနည်းဆုံးအနီရောင်အဖိုးမော့ဆယ်ရွက်လောက်ကို ထုတ်ကာ တောက်ရန်ရှေ့မှာ ထားလိုက်တယ် "အလောင်းအစားမှာ ရှုံးတာကို ဝန်ခံတယ်"

လင်ရှန်း "???"

တောက်ရန်က 'haha'ဆိုပြီး ပြုံးကာ ငွေစက္ကူကို သိမ်းဆည်းလိုက်တယ်။ "ကျေးဇူးတင်ပါတယ် ချန်းကော၊ ကျေးဇူးတင်ပါတယ် လင်ရှန်း အန်း... ပြီးတော့ ကျေးဇူးတင်ပါတယ် ဘော့စ်" သူ မော့ကျူးချန်ကို မျက်စိမှိတ်ပြလိုက်တယ် "နောက်မှ မင်းနဲ့လင်ရှန်းကို ထမင်းစားဖိတ်အုံးမယ်"

လင်ရှန်း "..."

ထပ်ရှိနေတယ်! ဒီလို(truth or dare)ထဲမှာတောင် အလောင်းအစားလုပ်တဲ့ လျှိုကွက်က ဘာလို့ရှိနေရသေးတာလဲ? ပြီးတော့ တောက်ရန်နဲ့ ရှုချန်းက ဒီလိုကိစ္စမျိုးမှာ သူတို့ဖာသာ အလောင်းအစားလုပ်ကြတယ်?

ဒီလူနှစ်ယောက်က ဒီလောက်တောင် ပျင်းနေကြလား?! သူ နည်းနည်းတော့ ပြောစရာစကားပျောက်ရှသွားရတယ်။

လင်ရှန်းက သူနဲ့ရွယ်တူသူငယ်ချင်းတွေနဲ့ လက်တွေ့ကျကျ truth or dareမဆော့ဖူးဘူး။ အရင်ဘ၀မှာတုန်းက မြိုသိပ်ခဲ့ရပြီး လေ့လာတာ သင်ယူတာတွေနဲ့သာ ပြည့်နေခဲ့တယ်။ ဉာဏ်ကြီးရှင်အစ်ကိုကြီးရဲ့ခြေရာအတိုင်း လိုက်ချင်တာကြောင့် တစ်မိနစ်လေးတောင် ပျင်းရိမနေနိုင်ခဲ့ဘူး။

ဂိမ်းတွေ အသာထား၊ တက္ကသိုလ်မှာ စာလေ့လာပြီးရင်တောင် အဆောင်မှာ နာမည်ကြီးတဲ့ညပိုင်းစကားစမြည်ပြောတာထဲ သူ ဘယ်တုန်းကမှ ဝင်မပါခဲ့ဘူး။ ယောကျာ်းလေးတွေက မိန်းကလေးတွေအကြောင်း ပြောရုံတင်မက လိင်ပိုင်းဆိုင်ရာကိစ္စတွေပါ ပြောဆိုတတ်တယ်ဆိုတာကို သူကြားဖူးတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now