အပိုင်း - ၄

13.5K 2.6K 74
                                    

{Zawgyi}

•မော့ကျူးချန် မင်းစာလေ့လာတာကို ကူညီပါရစေ!•

မော့ကျူးချန်ရဲ့အသံက အကျယ်ကြီးမဟုတ်ဘူးဆိုပေမယ့် လင်ရှန်းနားမှာထိုင်နေတဲ့ကျောင်းသားတော်တော်များများကတော့ ပြတ်ပြတ်သားသားကြားနိုင်သေးတယ်။

"ပတွတ်ပတွတ်တွေလုပ်မနေကြနဲ့!" တံခါးနားမှာရပ်နေတဲ့ လီရှုချန်းတောင် အတန်းဘက်ကို ခေါင်းပြန်လှည့်လာတယ်။

သူ့ရဲ့မျက်မှန်ကြီးပင့်တင်ကာ မျက်ခုံးကျုံ့ပြီး "မြန်မြန်ဆန်ဆန်နဲ့ ပြီးအောင်ဖြေကြ!"

အတန်းကြီးက နောက်တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားတယ်။

မော့ကျူးချန်က နှုတ်ခမ်းတွေကို ကွေးညွတ်ကာ သရော်လိုက်ပြီး သူ့ရဲ့နက်ရှိုင်းတဲ့အကြည့်က လင်ရှန်းမျက်နှာပေါ်သာ ကျရောက်နေတယ်။

သူနည်းနည်းတော့ စိတ်တိုနေခဲ့တယ်။

နေ့လည်တုန်းက သူမတုန့်ပြန်နိုင်ခဲ့ဘဲ လင်ရှန်းကိုဒီတိုင်း ထွက်ပြေးခွင့်ပြုမိသွားတယ်။

နောက်တော့ တစ်စုံတစ်ယောက်ကို တဖက်လူရဲ့ကြောက်စရာကောင်းလှတဲ့ရီပို့ကတ်နဲ့ သူ့အတိတ်က 'ကြီးကျယ်ခမ်းနားလှတဲ့'လုပ်ဆောင်ချက်တွေကို ရှာခိုင်းလိုက်တယ်။

နေ့လည်တုန်းက လင်ရှန်းဆိုတဲ့ကောင်က သူ့ကိုဆေးတို့လိုက်တာလားလို့တောင် မော့ကျူးချန်တွေးနေမိတယ်၊ မဟုတ်ရင် သူကဘယ်လိုလုပ် ဒီလိုကောင်မျိုးရဲ့ အပတ်ခံရမှာလဲ?

ထိုအချိန်မှာ အတန်းရဲ့အောက်ခြေအဆင့်ကို စိုးမိုးခြယ်လှယ်နေတဲ့လင်ရှန်းက မော့ကျူးချန်ကို တည်ငြိမ်စွာကြည့်လာတယ်။

ထို့နောက် အကြည့်ကိုအမြန်ပြန်ရုပ်ကာ သူ့ရဲ့စာမေးပွဲစာရွက်ပေါ်ကိုပဲ အာရုံပြန်စိုက်လိုက်တော့တယ်။

"ငါပြောတာက..." မော့ကျူးချန် သူ့ထိုင်ခုံကို လင်ရှန်းအနားထိရောက်အောင် တိုးကပ်လိုက်ပြီး "ဇီးရိုးဘုရင်ကြီး"

သူ့ကို တိုးတိုးလေးလာပြောချိန်မှာ သူ့နှုတ်ခမ်းတွေက လင်ရှန်းနားရွက်ကိုတောင် ထိတော့မတတ်ဖြစ်နေပြီ "ငါ့ကို လှည့်စားဖို့ ဘာထပ်ပြောအုံးမလဲ?"

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now