အပိုင်း - ၅၈

4K 872 25
                                    

{Zawgyi}

"ဝယ်မယ်?" လင်ရှန်း ဗလုံးဗထွေးနဲ့ မယုံကြည်နိုင်စွာ ပြန်ပြောမိတယ်။

သူ မျက်မှောင်ကြုတ်သွားတယ်။ မော့ကျူးချန်ရဲ့ စကားလုံးတိုင်းက သိပ်ကိုရိုးရှင်းတယ်ဆိုတာ သူသိတယ်။

ဒါပေမယ့် ဆက်စပ်လိုက်တဲ့အခါကျရင် လုံးဝနားမလည်နိုင်သလိုဖြစ်နေရတာ ဘာကြောင့်များလဲ?

"မင်းက ဝယ်ချင်တာ... နမူနာမေးခွန်းကိုလေ?" လင်ရှန်း ထပ်ပြောလိုက်တယ်။

သူ့မျက်ခုံးတွေက တွန့်နေပြီး မျက်လုံးတွေထဲမှာ အနက်ရောင်အရိပ်က ခပ်ဖျော့ဖျော့လေးဖြစ်နေတယ် "ဘာလို့လဲ?"

လင်ရှန်း လည်ချောင်းက အနည်းငယ်ခြောက်ကပ်လာတယ်။

ဒါစကားကို မော့ကျူးချန်ကို မေးလိုက်ရုံတင်မက သူ့ကိုယ်သူပါ ပြန်မေးလိုက်တာဖြစ်တယ်။

'နမူနာမေးခွန်းတွေကို ဝယ်မယ်?'

'ဘာလို့လဲ?'

ဒီနမူနာပုစ္ဆာတွေက အင်တာနက်နဲ့ စာအုပ်တွေထဲက သူရှာတွေ့ခဲ့တာတွေချည်းပဲဆိုတာကို အသာထားအုံး။ လင်ရှန်းလုပ်ခဲ့တာဆိုလို့ သူတို့တွေကို မတူညီတဲ့မေးခွန်းပုံစံတွေနဲ့ ဗဟုသုတရမှတ်တွေအတိုင်း စီထားလိုက်ရုံသာရှိတယ်။

ဘာကြောင့် သူ တအားစိတ်လှုပ်ရှားသွားရတာလဲဆိုတဲ့ အကြောင်းပြချက်က ဒါကို သူ့အတန်းဖော်တွေကို ရောင်းချကာ ပိုက်ဆံရှာလို့ရကောင်းရနိုင်တယ်ဆိုပြီး ခံစားမိလိုက်တာကြောင့်ဖြစ်တယ်။

တကယ်တော့ ဒါကက သူ့ရဲ့ကိုယ်ပိုင်အသိဉာဏ်ဒါမှမဟုတ် အတွေ့အကြုံကို ရောင်းချလိုက်တာနဲ့ တူညီတယ်။

နမူနာတွေနဲ့ ပုစ္ဆာတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူသုံးသပ်ခဲ့တာက စာကိုကြိုးစားလေ့လာလိုကြတဲ့ သာမန်ကျောင်းသားအများစုအတွက် ပိုပြီးသင့်တော်တယ်ဆိုတာ လင်ရှန်းအတွက် သေချာတယ်။

သူကိုယ်တိုင်ကလည်း သူတို့ထဲက တစ်ယောက်ဖြစ်ခဲ့တာကြောင့်ပဲ။

အခု မော့ကျူးချန်က ဝယ်မယ်ဆိုပြီး ပြောလာတယ်...

လင်ရှန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အချင်းချင်း ကြည့်နေမိကြတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now