အပိုင်း {၇} (UNICODE)

661 43 6
                                    

ကြီးမားလှသော ခြံဝင်းထဲ တောက်တောက်ပြောင်ပြောင်နှင့် လူများစွာသည် စုစုရုံးရုံးနှင့် မျက်စိနောက်စဖွယ် တည်ရှိနေကြသည်။ ယနေ့ မွေးနေ့ကျရောက်သည့် မွေးနေ့ရှင်များသည်လည်း ထိုလူအစုစုကြား ဧည့်ခံရင်းနှင့် မအားမလပ် ဖြစ်နေကြရသည်။ မွေးနေ့ရှင်နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာမရွှင်မပျနှင့် လိုက်ဧည့်ခံနေရသည်ကို စိတ်ကုန်လှပြီ။ ထိုစဉ် ခြံထဲ ရှေ့ဆင့်နောက်ဆင့် ဝင်လာသော ကားနှစ်စီးကြောင့် မျက်လုံးအရောင်များ လက်သွားကာ ထိုကားများရှိရာသို့ သုတ်ခြေတင် ပြေးလာလေသည်။

"စောင့်လိုက်ရတာကွာ။ မင်းတို့ကလည်း နောက်ကျလိုက်တာ။"

"ပွစိပွစိ လုပ်မယ် မကြံနဲ့ မွေးနေ့ရှင်။ နင့်မွေးနေ့ကို လာဖို့ သေချာ အချိန်ယူပြီး အလှပြင်နေရလို့လေ။ ဘယ့်နှယ့်လဲ ..ငါ လှတယ်မလား။"

"တော်စမ်းပါ မိနန်းရာ။ နင့်ရုပ်က ခွေးချီသွားတောင် ဒီရုပ်ပါပဲ။"

"သေနာကောင်"

ကားပေါ်မှ ဆင်းလာသည့် နန်းသော်တာနှင့် မိုးထက်သည် တွေ့လိုက်သည်နှင့် ပူညံပူညံဖြစ်စမြဲ။ ဒေါ်သူဇာဝင်းကမူ အပြန်အလှန် ပြောနေကြသည့် စကားများကို နားထောင်ရင်း ပြုံး၍သာ နေသည်။ ရှေ့က ကားထဲမှ ဒေါ်သူဇာဝင်း ၊ နန်းသော်တာ ၊ မာန်နှင့် လှိုင်းတို့ ဆင်းလာကြသည်။ များစွာသော လူများ ၊ ကျယ်ဝန်းလှသော ခြံ ၊ ခမ်းနားလှသော အိမ်ကြီးအား လှိုင်းသံစဉ် ပါးစပ်အဟောင်းသားနှင့် မျက်လုံးကစားနေမိသည်။ မွေးနေ့ပွဲကို ကျင်းပသည်ကလည်း လူအများကြီးနှင့်မို့ လှိုင်း အံ့အားသင့်လို့ မဆုံး ဖြစ်နေရသည်။ မွေးနေ့ပွဲကို ဂုဏ်ပြုရာ၌ သည်လောက်ထိ အကုန်အကျခံကာ ကျွေးမွေးဖို့ လိုအပ်သလား သူ မသိတော့ပါချေ။

"Happy Birthday သား။ ဒီမှာ သားအတွက် မွေးနေ့လက်ဆောင်။"

"ဟာ ကျေးဇူး အန်တီသူဇာ။"

"သားမမရော"

"သူ့သူငယ်ချင်းတွေနဲ့ ရှိတယ် အန်တီသူဇာ။ အာလူးဖုတ်နေကြတယ်။"

"ဩ ဟိုမှာ သားမာမီတို့ပဲ။ အန်တီ သွားတွေ့လိုက်ဦးမယ်နော်။"

လမင်းခြေသံ { Completed }Där berättelser lever. Upptäck nu