အပိုင်း {၄၃} (UNICODE)

411 27 2
                                    

ဒီရက်ပိုင်း မာန် ညဘက်တွေ ကောင်းကောင်းမအိပ်ရ။ အိပ်မရသည့် အကြောင်းရင်းမှာ ပါပါး၏ သမီး မေရတီက ယခု ဆယ်တန်းစာမေးပွဲ ဖြေနေရပြီ ဖြစ်ရာ လှိုင်းမှာ ညဉ့်နက်သည်အထိ သူမအား စာပြပေးရသည်။ လှိုင်းနှင့် မေကို နှစ်ယောက်တည်း အဖွားက စိတ်မချသဖြင့် မာန့်ကိုပါ မေ့အခန်းထဲ၌ နေခိုင်းသကဲ့သို့ မာန်သည်လည်း လှိုင်းကို စိတ်မချပါ။ အသက်ကဖြင့် ၁၈ နှစ်ရှိနေပြီဆိုသော်လည်း လှိုင်းသံစဉ်သည် ယခုချိန်ထိ မိန်းကလေးများနှင့် ပတ်သက်လျှင် မအူမလည်နှင့်မို့ မာန့်ဘက်က လှိုင်းကို ကိုလှိုင်း ၊ ကိုလှိုင်းနှင့် ပါးစပ်ဖျားမှ မချသည့် မေရတီနှင့်အတူ ရှိနေခြင်းကို စိတ်မချသည်မှာ လက်ခံနိုင်စရာ ရှိသည် မဟုတ်လား။

"ကိုရိပ် သွားအိပ်ချင် အိပ်တော့လေ ..ကျွန်တော်တို့ ခဏနေ သိမ်းတော့မှာ။"

"မအိပ်ချင်ပါဘူးဆို ငါ့ကို ဘယ်နှစ်ခါ လာပြောနေလဲ။"

ဆေးစာအုပ်ထူထူပေါ် လက်ထောက်ကာ ခုံ၌ ထိုင်ငိုက်နေသည့် မာန်ကြောင့် လှိုင်းမှာ မေ့ကို အာရုံမစိုက်နိုင်ဘဲ စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေရသည်။ သွားပြောပြန်တော့လည်း မာန်က အိပ်ချင်နေသည်မှာ အသိသာကြီး ဆိုပေသိ ဘူးခံငြင်းနေလေရာ လှိုင်းမှာ ဘယ်လိုလုပ်ပေးရမည် မသိတော့။ ကျန်သည့် ရက်များက မေ စာလုပ်လျှင်လည်း စာမေးပွဲ ရှိသည်မို့ ည ၁၁ နာရီ အလွန်ဆုံး ဆိုပေမဲ့ မနက်ဖြန် စာမေးပွဲ မရှိသည်ဖြစ်ရာ ယနေ့ကျ ည ၁ နာရီထိ မေက chemistry တွေ ကျက်နေလေသည်။ မေ့နည်းတူ နာရီပေါင်းများစွာ အနား၌ ငုတ်တုတ်လာထိုင်နေသော မာန်သည် သူ၏ ဆေးစာများကို အသံတိုးတိုးဖြင့် ကျက်နေရှာသည်။ သို့တိုင်အောင် မနက်က စောစော ထထားရသည့်အပြင် တစ်နေကုန် ကျောင်းနှင့် ကျူရှင် ပြေးကာ ခဲယဉ်းနက်နဲလှသော စာများကို မှတ်သားကျက်မှတ်နေရသည်ဖြစ်ရာ မာန် ပင်ပန်းနေလေပြီ။ အိပ်စက်ခြင်းကို လိုအပ်နေသော်လည်း သူ့အသိနှင့် သတိကို အတင်းကာရော ပေါင်းစပ်ကာ အနား၌ ပေကပ်ကပ်ဖြင့် လာထိုင်နေသော မာန့်ကြောင့် လှိုင်းမှာ အစီအစဉ်သစ်ကို ဝရုန်းသုံးကား ဆွဲလိုက်ရတော့သည်။

လမင်းခြေသံ { Completed }जहाँ कहानियाँ रहती हैं। अभी खोजें