အပိုင်း {၃၆} (UNICODE)

380 24 0
                                    

လှိုင်းကို ကျူရှင်အိမ်၌ ချပေးအပြီး မာန်တို့ မင်္ဂလာ ရုပ်ရှင်ရုံသို့ ရောက်လာကြသည်။ ရုံတင်နေသည့် ကားများထဲတွင် မာန့်အကြိုက် မပါသော်ငြား ခင်ဝတီစံက ဒွေးကား ကြည့်မည် ဆိုသဖြင့် မာန်တို့ လက်မှတ်သွားဝယ်ကြသည်။ လက်မှတ်ဝယ်ရန် အသွား၌ သုံးယောက်စာသာ လက်မှတ်ဖြတ်ခိုင်းမည် လုပ်သော်လည်း တကယ်တမ်းကျ လက်မှတ်လေးဆောင် ဖြတ်လိုက်ရသည်။ အကြောင်းမှာ -

"မောင်"

လက်မှတ်ဖြတ်မည်အပြု ကောင်တာ၌ ကြားလိုက်ရသည့် ခေါ်သံကြောင့် မိုးထက် သာမက မာန်နှင့် ခင်ပါ လှည့်ကြည့်မိကြသည်။ မြင်လိုက်ရသူကား ၉ တန်းတုန်းက မိုးထက်နှင့် အတန်ကြာအောင် တွဲလိုက်သည့် ပန်းအိန္ဒြာ မည်သော အမျိုးသမီး ဖြစ်နေသည်။ ကျောင်းတုန်းကထက် များကြီး ပိုလှလာသော ပန်းအိန္ဒြာသည် မိုးထက်အား ခေါ်မြဲအတိုင်း မောင်လို့သာ ခေါ်သည်။

"မမ ..တစ်ယောက်တည်းလား။"

"အင်း တစ်ယောက်တည်းပဲပေါ့ မောင်ရဲ့။ မောင်က တို့ကို ပစ်ထားတာကို။"

"ဟုတ်ပါပြီ ..မောင် အခုကစပြီး မမကို ပြန်ဂရုစိုက်မယ်လေ။ သဘောတူလား။"

မိုးထက်က သူ၏ လက်ကို ဖြန့်ကာ ပန်းအိန္ဒြာကို ဆွဲဆောင်မှု ပြင်းသော အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေလေရာ ပန်းအိန္ဒြာက ငြင်းဆန်နိုင်ရိုးလား။ ပန်းအိန္ဒြာသည် သူမ၏ လက်ကို မိုးထက်၏ လက်ဖဝါးပေါ် တင်ကာ လက်နှစ်ဖက်သည် ယှက်သန်းသွားသည်။ ပန်းအိန္ဒြာပါ ပါလာသည်ဖြစ်ရာ မာန်တို့ လက်မှတ်လေးစောင် ဝယ်လိုက်ကြသည်။ ပြီးနောက်တွင်တော့ ရုပ်ရှင်ရုံထဲ စားရန် ပေါက်ပေါက်ဆုပ် ၊ နေကြာစေ့ ၊ မုန့်များနှင့် အအေးများ ဝယ်ကာ ရုံထဲ ဝင်လာကြသည်။ မာန်တို့ စုံတွဲခုံ နှစ်ခုံအတွက် လက်မှတ်ဖြတ်လိုက်ကြသည်ဖြစ်ရာ အတော်ကလေး အဆင်ပြေသည် ဆိုရမည်။ မိုးထက်နှင့် ပန်းအိန္ဒြာကတော့ ရုပ်ရှင်ကြည့်ရင်း ချစ်စကား တီတီတာတာများ ပြောကြသော်လည်း မာန်နှင့် ခင်ကမူ ရုပ်ရှင်၌သာ အာရုံအစုစုကို ပို့လွှတ်ထားကြသည်။ ဒါတောင်မှ ခင်ဝတီစံသည် ရုပ်ရှင်ကြည့်နေရင်း မာန့်လက်အား ချိတ်ထားသည်ကို မလွှတ်ပေးဘဲ လက်နှစ်ဖက်ကြား၌ အစိုဓာတ်ကို ခံစားရနေသည့်တိုင်အာင် ဆုပ်ကိုင်ထားမြဲ။

လမင်းခြေသံ { Completed }Where stories live. Discover now