အပိုင်း {၃၈} (UNICODE)

342 28 0
                                    

ယနေ့ည အောင်စာရင်း ထွက်မည်မို့ မာန်တို့ ကျောင်းဝင်းပြင်၌ မီးကျီးခဲပေါ် တက်ထိုင်ထားရသလို ဂနာမငြိမ်နိုင်ဘဲ မြောက်ကြွ မြောက်ကြွ ဖြစ်နေရသည်။ မာန်တို့ ဆိုသည့်အထဲတွင် မာန် ၊ လှိုင်း ၊ မိုးထက် ၊ ဘုန်းသွင် ၊ ရှိုင်းနောင်ခန့်အပြင် မန္တလေးမှ မနေ့ကမှပြန်ရောက်လာသည့် နန်းသောတာမိုင်တို့ ပါဝင်ကြသည်။ ရှိုင်းကိုတော့ မိုးထက်က ချောဆွဲလာခဲ့သော်လည်း ကျောင်းရောက်သောအခါ ၁၂ နာရီ ထိုးရန် လိုသေးသည်မို့ မိုးထက်သည် ကားပေါ်၌ ထိုင်စောင့်ရင်း ရှိုင်း၏ ပုခုံးပေါ် ခေါင်းမှီကာ အိပ်ပျော်နေလေသည်။ ကားပေါ်မှ ဆင်းကာ ဘုန်းသွင်နှင့် နန်းသော်တာကမူ မာန်နှင့် စကားဖောင်ဖွဲ့နေသော်လည်း လှိုင်းကတော့ ကားဒရိုင်ဘာနေရာ၌ ထိုင်ကာ ရေသေကဲ့သို့ မလှမ်းမကမ်း၌ သိသိသာသာ ငြိမ်သက်နေလေသည်။

"ပုတက် ဘာဖြစ်နေတာလဲ။"

နှုတ်ဆိတ်လျက် ထိုင်နေသည့် လှိုင်းအား မာန်သည် ကားတံခါးကို လက်မှီလိုက်ရင်း ခပ်ဆတ်ဆတ်မေးလိုက်ရာ စက္ကန့်မလပ်ပါဘဲ ကြည့်လာသည်။ အကြည့်တို့က အရင်လို ကြည်ကြည်လင်လင် မဟုတ်ဘဲ တိမ်စိုင်တိမ်မည်းတစ်ချို့ဖြင့် အုပ်ဆိုင်း ညှို့မှိုင်းနေသေးသဖြင့် မာန့်စိတ်ထဲ ဘဝင်မကျချင်။

"ကျွန်တော် ... ကြောက်တယ် ကိုရိပ်။"

"ဘာကို ကြောက်တာလဲ။"

"ကျွန်တော် ..ဘာသာစုံတော့ ဂုဏ်ထူးထွက်မှာပါနော် ကိုရိပ်။ All D တော့ ထွက်လောက်မယ် မလားဟင်။"

ကြည့် ... လှိုင်းသံစဉ်ဆိုသည်မှာ ကျန်သည့်အချိန်တွင် ဘယ်လောက်ပဲ ရင့်ကျက်သည် ဆိုဆို ၊ တစ်ခါတလေကျလျှင် ယခုလို စိုးရိမ်စရာ မရှိ ကြံဖန် စိုးရိမ်ကာ တစ်ကိုယ်တည်း သောကဝေနေတတ်သည်။ ဤအချိန်မျိုးကျလျှင် မာန့်ကို ကာကွယ်ချင်လို့ ကျန်ကျောင်းနည်းတူ သိုင်းတတ်ချင်ပါသည် ဆိုသော လူက သူမတူအောင် အားငယ်တတ်သွားသည်မျိုး။

"မင်း ပြောတော့ ဖြေနိုင်ခဲ့တယ်ဆို လှိုင်း။ ဖြေနိုင်ခဲ့တယ်ဆိုရင် ဘာတွေ စိတ်ပူနေတာလဲ။"

"ကျွန်တော် ..ကျွန်တော် physics အတွက် စိုးရိမ်လို့ပါ ကိုရိပ်ရယ်။ ကျွန်တော်က physics ဆို အားနည်းတာ ကိုရိပ်အသိဆုံးပဲလေ။ မပြောကောင်း မဆိုကောင်း ကျွန်တော်သာ All D မထွက်ရင် ..ဦး ကျွန်တော့်ကို ကျောင်းထားရကျိုးနပ်မှာမဟုတ်ဘူး။ ဦး ကျွန်တော့်အတွက် ကုန်ထားတဲ့ ငွေတွေက အများကြီးကို ..ကျွန်တော်က ၆ ဘာသာလုံး ဂုဏ်ထူးထွက်အောင် မဖြေနိုင်ရင် ကျွန်တော် ..ကျွန်တော် ..."

လမင်းခြေသံ { Completed }Where stories live. Discover now